--
0


           အရင်တုန်းကတော့ ဒီသီချင်းလေးရဲ့ အဓိပ္ပာယ်ကိုနားမလည်ခဲ့ဘူး..!အခုလို မိဘနဲ့ဝေးနေရတဲ့ အချိန်ရောက်မှ ဒီသီချင်းလေးကို နားထောင်ရင်း စဉ်းစားလာမိတယ်...!မိဘတွေရဲ့တန်းဖိုးကိုနားလည်လာတယ်...!တစ်နေ့ငါတို့လည်း မိဘနေရာရောက်လာမှာပါလားလို့ တွေးဖြစ်သွားတယ်...!ရင်ထဲမှာလည်း ဝမ်းနည်းခြင်းတွေ၊နောင်တ တရားတွေပြည့်လို့ သွားတယ်...!မိဘအပေါ်မှာ ဆိုးခဲ့သမျှတွေ၊တစ်နေ့ ငါတို့အလည့်ရောက်ရင် ဆိုတဲ့ အတွေးကြီးက ဘယ်လိုမှမေ့ဖျောက်လို့ မရနိုင်အောင်ပါပဲ...!သံသရာဆိုတဲ့ စက်ဝန်းကြီးက ကျွန်တော်တို့ ဘယ်လိုမှ ရှောင်လွှဲလို့ရမှာမဟုတ်ပါဘူး...!ဗုဒ္ဓဘုရားတောင် ဝဍ်ဆိုတာကို ပရိနိဗ္ဗာန်စံခါနီးထိ ပေးစပ်သွားခဲ့ရတယ်...!ကျွန်တော်တို့လို သာမန်လူတစ်ယောက်တော့ မတွေးရဲစရာပါ...!ဒါကြောင့် ဒီပို့စ်လေးကို ဖတ်သွားခဲ့တဲ့ သူငယ်ချင်းလည်း မိဘကျေးဇူးကို မေ့လျော့သွားမှာစိုးလို့ပါ...!မိဘဆိုတာ သီချင်းထဲက စာသားလေးလို့ပဲ "ရေဆိုတာ စုန်ဆင်းမြဲ၊ရေဆိုတာ ဆန်ရိုးမရှိပါ.."တကယ်ပါ မိဘဆိုတာ သားသ္မီးတွေ အတွက်ဆိုရင် အနစ်နာခံပေးစမြဲပါ...!မိဘအတွက်တော့ ဆန်ရေ ဆိုတာမရှိပါ(ရုပ်ရှင်ထဲသာ ဆန်ရေ ရှိသည်) ဘယ်အရာမဆိုမမြင်တက်ရင် တဏှာ ၊ မြင်တက်ရင် ဘာဝနာ...လို့ဆိုထားတယ်လေ...!ဒါကြောင့် ဒီသီချင်းလေးကိုလည်း ဘာဝနာလေးနဲ့ ကြည့်သွားပါနော်..!အားလုံးလည်း မိဘကျေးဇူး ဆပ်နိုင်သော သားလှ၊သမီးလှလေးတွေဖြစ်ပါစေ...!


   ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!
 
  အဝေးမှ ဖေဖေနှင့်မေမေ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည်စုံပါစေလို့ သားဆုတောင်းပေးနေပါတယ်...! 


                                                   အောင်အောင်...!EainLwannThu...

No Response to "သီချင်းလေးဖြင့် တွေးတေားမိခြင်း...!"

Post a Comment

ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!