ကျွန်တော်သည် ဒီပို့စ်လေးတွေကို တင်ရခြင်းအကြောင်းရင်းက ရောက်လာကြသော သူငယ်ချင်းတွေကို လေားကနီတိ သတိရှိစေရန် ရည်ရွယ်ပြီးတင်းရခြင်းဖြစ်ပါသည် သီးခံပြီးဖတ်သွားပေးကြပါလို့ ပြေားပါရစေ...!
" လောက၌ ရေတိမ်ရေနက်ကိုကား ကုမုဒ္ဒရာကြာကို မြင်သဖြင့် သိ၏။
အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူရာ၊နှုတ်အမူရာအားဖြင့် သိအပ်၏။ပညာရှိ၊မရှိကိုကား ဆိုသော စကားဖြင့်သိအပ်၏။မြေကောင်း မကောင်းကိုကား မြတ်ညှိုး မညှိုးမြင်သဖြင့် သိအပ်၏...။"
In this world, one can know the shallowness or the depth of water by looking at KUMUDDRA
lotus. Noble-birth or low-birth can be discerned by the person's mode of conduct.A person's wisdom or ignorance can be inferred from his words.The quality of soil can be gauged from the weak or strong growth of grass.
"ရှင်းချက်။ ။ကုမုဒ္ဒရာကြာရိုးကို ရှည်မရှည်ကြည့်ခြင်းအားဖြင့် ရေတိမ်ရေနက်ကိုသိနိုင်၏။ရေမြင့်မှကြာတင့် ဆိုသကဲ့သို့ပင် ။အမျိုးမြတ်၊အမျိုးယုတ် ခွဲခြားသိဖို့မှာ ထိုသူ၏ အမူအရာ ရည်မွန်ရိုင်းစိုင်းခြင်းဖြင့် သိနိုင်သည်။မြေတစ်ကွက်၏ မြေသြဇာ ကောင်းမကောင်းကို မြတ်သန်မသန်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။"
Explain။ ။The water -lily's steam is long if the water deep,short if it is shallow.A saying goes that high water makes the lotus beautiful (with long stem).Whether a man's birth is noble or man's birth is noble or mean can be determined by his behaviour.A man's knowledge and ignorance can be judged by the words he utters.The quality of soil of a plot of land can be assessed by looking at the strength or weakness of the growth of grass.
**************************
ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!
FROM.............LAW KA NI TI
လေးစားလျှက်*****အိမ်လွမ်းသူ
1 Response to လောကနီတိ သတိရှိ အကျိုးများစွာ ရပါ၏...!
လောကနီတိလေးတွေကို ဖတ်ပြီးမှတ်သားသွားပါတယ် ညီလေးရေ...
အကိုတော့ လောကနီတိလေးတွေ ကို အရမ်းနှစ်သက်လို့ ရောက်တဲ့
ဆိုက်တိုင်းဘလော့တိုင်း လောကနီတိလေးတွေတင်ထားရှိရင်လိုက်ဖတ်
ပါတယ်... လိုက်နာသင့်တာလေးတွေ ဆောင်ရန်၊ ရှောင်ရန်လေးတွေ
သတိပြုစရာလေးတွေမို့ နှစ်သက်မိတာပါ...
ခင်မင်စွာဖြင့်
ရာဇာထွေး
Post a Comment
ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!