--
5

         ကျွန်တော် ဒီပိုစ့်လေးကို ရေးမလို့ အရှိန်ယူနေတာကြာပြီ...! ညီလေး နွေလ  တဂ်ထားတဲ့ အချိန်ထဲက အခုလည်း Face book ပေါ်ရောက်တော့ " ဆရာလေး တမှီးချန် ..." လက်တို့လိုက်လို့ သတိရတာကြောင့် ပြန်ပြီးရေးဖြစ်သွားတာ...! ညီလေး နွေလ၊ ဆရာလေး တမှီးချန် ကျွန်တော် တဂ်ပိုစ့် လေးကို ရေးလိုက်ပါပြီ...!


Q..(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ? ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?
A...ကျွန်တော် ဘလော့ကို 11.11.2011 နေ့ကစပြီး ပြုလုပ်ခဲ့တာပါ...! ဒီဘလော့လေးမလုပ်ခင် အခြားဘလော့လေး(3)ခု လုပ်ခဲ့သေးတယ်...! စိတ်ကြိုက်မတွေ့လို့ ဖြတ်ပြစ်ခဲ့တယ်...! ဆရာ ညီလင်းဆက် ရေးထားတဲ့ How to make myanmar blog ဆိုတဲ့ စာအုပ်လေးဖက်ပြီး လုပ်မှပဲ အဆင်ပြေသွားတယ်...! အနက်ရောင် template လေးလုပ်ထားတဲ့ အချိန်က setting ပိုင်းမှာ ပြဿနာနည်းနည်းလေးရှိလို့ ကိုစွယ်စုံကျမ်း ကူညီပေးခဲ့ဘူးတယ်...! အခု template လေးပြာင်းထားမှ နည်းနည်းစိတ်တိုင်းကျသလိုဖြစ်မိတယ်...!



Q..(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?
A.. ရည်ရွယ်ချက်ကတော့ ကိုယ့်စိတ်ရဲ့ထွက်ပေါက်လေးဆိုရင်လည်း မမှားပါဘူး...! ကျွန်တော် နေတဲ့ ဒူဘိုင်းမှာ အရမ်းပူတယ် ပိတ်ရက်ဆိုရင်လည်း အပြင်မသွားချင်ဘူး ဘလော့ထဲမှာ အချိန်ဖြုန်းပြီး အိမ်ကိုလွမ်းတဲ့ စိတ်တွေကို ဖြေဖျောက်နေတဲ့သဘေားပါ..! ကျွန်တော့်ရဲ့ အိမ်လေးကို ရောက်လာတဲ့ သူငယ်ချင်းတွေလည်း အသုံးလိုတဲ့ Software တွေရှိရင် ယူသွားလို့ရအောင် ရည်ရွယ်ချက်ဖြင့် တင်ပေးထားတာပါ...!

Q..(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ …
ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?

A..ကျွန်တော့် ဘလော့လေးပေါ်မှာ ရည်မှန်းချက်ရယ်လို့တော့ မရှိပါဘူး...! ဘလော့လေးပေါ်မှာ အရမ်းကို မြတ်နိုးတန်ဖိုးထားတာတော့ အမှန်ပဲ...! ကွန်ပျူတာကို စဖွင့်တာနဲ့ ဘလော့ကို အရင်ဆုံးဖွင့်တာပဲ Mail တောင်နောက်မှ ဖွင့်တာ ဘလော့ပေါ်မှာသံယေားဇဉ် ကြီးတာလေ...!

Q..(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
A.. ဘလော့ကတော့ တစ်ခါမှ မပျောက်ဖူးသေးပါ...! Software တွေ Upload လုပ်တဲ့ လင့်တွေကတော့ ပျက်ဖူးတယ်...! လင့်တွေပျက်သွားတော့ ကျွန်တော် အရမ်းစိတ်ညစ်ခဲ့တယ်...! ဒါကြောင့် အခု လင့်တွေ Upload လုပ်ရင် တစ်ခုထဲမလုပ်တော့ဘူး နည်းနည်းလည်သွားပြီ ဟဲ..ဟဲ..!


Q.. (၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
မပျောက်ဆုံးသေးသူဆိုရင်လည်း အကယ်၍ သင့်ဘလော့လေး ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ … ?
A.. အရမ်းခံစားရမှာပေါ့...!မေးရက်လိုက် ကိုနွေလ ရယ်...! အခုလိုမေးတဲ့အတွက်ကြောင့် တပ်ကုန်းပြန်ရောက်မှ မြေအိုးမှီးရှည် လိုက်ကြွေးနော်...!အခုတစ်လေား Hack တဲ့ အကြောင်းတွေကြားနေရတော့ ဘလော့ကို ဆေးရုံတင်မလို့ လုပ်နေတယ်...! ဆေးခန်းတော့ အမြဲတမ်းပြဖြစ်တယ်...!

      " အမှတ်တရ တဂ်ထားတဲ့ ညီလေးနွေလ...ဆရာလေး သမီးစံ " နှင့်သူငယ်ချင်းအားလုံး ပျော်ရွှင်မှု့အပေါင်းနှင့်ပြည့်စုံပြီး အလွမ်းများနှင့် ကင်းဝေးပါစေ...!

ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!

5 Response to " နွေလ ရဲ့ တဂ်ပိုစ့်..."

August 12, 2012 at 3:44 AM

အောင်အောင်ရဲ့ ဘလော့ပေါ်ထားတဲ့ သံယောဇဉ်လေးကို
ရိုးရှင်းစွာမြင်တွေ့ခဲ့ရပါတယ်

August 12, 2012 at 5:03 AM

တဂ်ပို့စ်လေး အားပေးသွားပါတယ်ဗျာ...:-)

August 12, 2012 at 8:37 AM

ဘလော့ကို ဆေးခန်းပြလို့ရသလား
ဘယ်မှာပြရသလဲ
လိပ်စာလေးပြောပြပါဦး အစ်ကိုရေ

August 12, 2012 at 1:10 PM

သြော်..ဒကာကြီးကလည်း
သံယောဇဉ်နဲ့ကိုးး))
ဆေးခန်းလည်းမှန်မှန်ပြအုန်းနော်
ဘလော့တုတ်ကွေးတွေအဖြစ်များနေတယ်တဲ့
ဒူဘိုင်းတစ်နိုင်ငံထဲမှာဘဲ :D

August 12, 2012 at 4:35 PM

အစ်ကို့ ရဲ့ ဘလော့လေးဒီထက်ပိုပြီးအောင်မြင်ပါစေနော်

Post a Comment

ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!