--
ကျွန်တော် ဘလော့လေးကို ပြစ်ထားတာ အတော်ကြာသွားပါပြီ....! အခုတင်တဲ့ ပိုစ့်လေးကတော့ နှုတ်ဆတ်ခြင်း(သို့မဟုတ်) မိတ်ဆက်ခြင်းလေးပါ...! ကျွန်တော် ဘလော့လေးကို နောက်ဘယ်သောအခါမှ ရောက်လာဖြစ်တော့မှာမဟုတ်တော့ပါဘူး...! များစွာသော အကြောင်းများကြောင့် ကျွန်တော် အရမ်းတန်းဖိုးထားတဲ့ ဘလော့လေးကို စွန့်ခွာရတော့မှာပါ...! ဘလော့သူငယ်ချင်းများနှင့်ကျွန်တော်အိမ်လေးကို ရောက်လာကျသော သူငယ်ချင်းများအားလုံး ကိုနှုတ်ဆတ်ပါတယ်...! ကျွန်တော် နိုဝင်ဘာလမှာ မြန်မာပြည်ကိုပြန်တော့မယ်....!
သူငယ်ချင်းများအားလုံး ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!
အောင်အောင်
7 Response to နှုတ်ဆတ်ခြင်း (သို့မဟုတ်) မိတ်ဆက်ခြင်း...
မိတ်ဆက်တယ်ဆိုလို့အပြေးလာကြည့်တာဟယ် ပြန်မယ်ဆိုတော့လည်းနာလည်းပြန်ချင်တာပေါ့ဟ
ပြန်နိုင်တဲ့သူတွေ ပြန်ကြပါကွယ်
အားတဲ့အခါလဲ စာတွေတင်ပေါ့ ရပါတယ်
မိတ်ဆက်တာက???????
ချစ်သူလေးက ချစ်စရာကောင်းသလို သယ်ရင်းအောင်အောင်လည်း ကြည့်ကောင်းပါတယ်.. မြန်မာနိုင်ငံပြန်ရောက်ရင်လည်း အင်တာနက်သုံးလို့ အဆင်ပြေရင် ဘလော့လေးကို ပစ်မထားနဲ့ပေါ့နော်
ပြန်တာလဲပြန်ပေါ့ မိတ်ဆက်ပေးတဲ့ ကောင်းမလေးလဲ လှပါရဲ့
ဒါပေမယ့် ဘလော့ကိုတော့ မစွန့်လွတ်ပါနဲ့လို့ တောင်းဆိုချင်ပါတယ်
နှတ်ဆက်ခြင်းနဲ့မိတ်ဆက်ခြင်းလေး
ဖတ်ရှုသွားပါတယ်
အိမ်မှာအင်တာနက်တပ်ထားလိုက်ပါ။ တစ်လ ၂၀၀၀၀ ဘဲဆို။ ဘလော့တော့ မစွန့်ပါနဲ့။
ညီလေးအောင်အောင်ရေ...
အကိုလည်းဘလော့မလည်နိုင်တာကြာပေါ့... ကိုယ့်ညီရဲ့ ပို့်စ်လေးဖတ်
လိုက်ရတော့စိတ်ထဲလည်းတယ်မကောင်းလှဘူးညီလေးရေ...အားလုံး
ဟာကိုယ့်အကြောင်းနဲ့ကိုယ်မို့ ကိုယ့်ညီမှာလည်းအခက်အခဲရှိမယ်ဆိုတာ
အကိုသိပါတယ်...ကိုယ့်ဘလော့ကို ဘယ်လောက်သံယောဇဉ်ရှိတယ်
ဆိုတာဘလော့လုပ်ထားတဲ့သူတိုင်းသိကြပါတယ်ညီလေးရေ...အချိန်
အားလေးရရင်ဖြစ်ဖြစ်ဘလော့လေးထဲကိုပြန်လာပါ ကိုယ့်ညီ...အား
တဲ့ချိန်ပြန်လာပါ...အကိုတို့ဘလော့မောင်နှမတွေအားလုံးကြိုဆိုနေမှာ
ပါ...ဘလော့လေးကိုတော့အပြီးစွန့်ခွာမသွားပါနဲ့ညီ...
ခင်မင်စွာဖြင့်
ရာဇာထွေး
Post a Comment
ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!