--
အလည်ဝင်ရောက်လာတဲ့
မင်းအတွက်တော့ အမှတ်တမဲ့ပေါ့
ခံလိုက်ရတဲ့ ငါဟာ...
ပေးဆပ်လိုက်ရတဲ့ နှလုံးသားအတွက်
မမေ့နိုင်စရာ တသက်စာပေါ့....။
မဖိတ်ခေါ်ပဲ ဝင်လာတဲ့မင်းက
လည့်မကြည့်ပဲ ပြန်ထွက်သွားတက်တာ
သွေးကရေထက် ကျဲလို့ဖြစ်လိမ့်မယ်....။
သွေးဆိုတာ ခန္တာကိုယ်ထဲမှာ
လည်ပတ်နေသ၍ ခံစားချက်ဆိုတာရှိမှာပဲ
ခံစားချက်မရှိလို့ မဖြစ်နိုင်ဘူးဆိုတဲ့
စကားတစ်ခွန်းက ငါ့အတွက်တော့
မိုးကြိုး 10လုံးပစ်တာထက် စိုးလွန်းတယ်....။
ဒူးထောက်ထားပြီးသူကို
လက်မြှောက်ခိုင်းအုံးမှာလား
အလံဖြူပြနေတဲ့ သူကို လက်နက်နှင့်
ခြိမ်းခြောက်အုံးမှာလား...။
ဝင်ချနေတာ မှန်ပေမဲ့
အညံ့ခံပြီး ပျော့ညံ့နေတာမှမဟုတ်တာ
နှလုံးသားက ချစ်သူသိအောင်
ပေးဆပ်နေတာပါ....။
ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!
အိမ်လွမ်းသူ....
5 Response to ကျွန်တော် အကိုကြီးတစ်ယောက်ရဲ့ ခံစားချက် ကဗျာလေးပါ....
အဲဒီအကိုကြီကိုပြောလိုက်ပါ....အလွမ်းအဆွေး နဲ့ အသဲကွဲ ကဗျာတွေဆက်ပြီးမရေးပါနဲ့လို့..ကဗျာဖက်ရင်း..နာ နိုရှင်ယာဂျီ နော်..
ကဗျာဆို ဘာကဗျာဖြစ်ဖြစ်ကြိုက်ပါကြောင်း..
ခံစားရပါတယ်ဗျာ...
အစစ်အမှန်ခံစားချက်တွေဆိုတော့ ဖတ်ရတာနဲ့ ခံစားမိပါတယ်...
ကဗျာလေးကို လာရောက်ခံစားသွားပါတယ် ညီလေးရေ...
ကဗျာ မရေးတတ်ပေမယ့် ကဗျာတွေကို ဖတ်ပြီး ခံစားတတ်ပါတယ်...
ကဗျာလေးတွေကို ချစ်တယ်
ကဗျာချစ်တဲ့ သူတွေကိုလည်းချစ်တယ်
ခံစားချက်တွေကို ဖွင့်ဟလို့ရတာ ကဗျာ
ကဗျာဟာ ခံစားချက်ရှိသူ တို့ရဲ့ ရင်ဖွင့်ရာနေရာ
ခံစားချက်တွေနဲ့ ရေးဖွဲ့သီကုန်းတဲ့စာ
ကဗျာ...
ရင်မှ ဝေဒနာ
ကာရံ မလှ စာစီမကျ ပေမယ့်
ခံစားသူရင်ကို အေးမြ လှပစေတာ
ကဗျာ...
တွေ့ကြုံလာကြ လောကဓမ္မတာ
စိတ်မှာ ဈာန်သွင်း ရေးဖွဲ့ နိုင်တာ
ကဗျာ...
လွတ်လပ်စွာ တွေး
လွတ်လပ်စွာ ရေး
လွတ်လပ်စွာ ခံစားနိုင်တာ
ကဗျာ...
ကဗျာ ဆရာမဟုတ်ပါ
ကဗျာ ချစ်သူပါ
ကဗျာ ကိုမရေးတတ်ပါ
ကဗျာ ကိုခံစားတတ်ခြင်းပါ
ကဗျာ အကြောင်းကိုနားမလည်ပါ
ကဗျာ ကပြောတဲ့စကားသာနားလည်ခြင်းပါ
ဤသို့ကြောင့် ကဗျာ လေးတွေ ကို ချစ်သည်
ဤသို့သော ကြောင့် ကဗျာချစ်သူ များကို ချစ်၏...
ခင်မင်စွာဖြင့်
ရာဇာထွေး
အောင်အောင်ရေ ကဗျာလေးလာဖတ်တယ်ဟေ့......ခံစားလို့ရသမျှဟာ...ငါ့အတွက်တော့ ကဗျာပါဘဲကွာ.........
Post a Comment
ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!