--
7

                 အကိုကြီး အဏ္ဏဝါ မှ ကျွန်တော့်အတွက် နှစ်သစ်မှာ ပျော်ရွှင်စေရန် လက်ဆောင်အဖြစ် ရေးပေးထားသော ကဗျာလေးတစ်ပုဒ်ပါ...!သူငယ်ချင်းတို့လည်း ခံစားလို့ရအောင် ပြန်တင်ပေးလိုက်တာပါ...!အားလုံး နှစ်သစ်မှာ ပျော်ရွှင်မှု့အပေါင်းနှင့်ပြည့်စုံပါစေ...!


COMPUTER...ဟူသည်
လုံးသည် ပြားသည် သူမသိပဲ
ဝါသနားကို အခြေခံ၍ ပညာရှင်မဟုတ်
ဝါသနာဖြင့် တည်ဆောက်ခဲ့တာ
"အိမ်လွမ်းသူ..." ပါ...။
ချစ်သူကိုလွမ်း အိမ်ကိုလွမ်းနဲ့
အလွမ်းများဝေ ရင်တွင်းကျေ၍
အလွမ်းပြေကြောင်း အကြောင်းပြုကာ
"အောင်အောင်..." တစ်ယောက် သူBLOG အမည်
"အိမ်လွမ်းသူ..."ဟုပေးခဲ့သည်....။
တစ်နေ့တစ်နေ့ BLOG ပေါ်တက်
SOFTWARE တက်ဖက်နှင့်...
အိမ်ကိုလည်းမေ့ ချစ်သူမေ့နဲ့
တတ်သိဝါသနာ မျှဝေပေးရင်း
မည်သူမဆို "အိမ်လွမ်းသူ..."သို့
လာရောက်မွှေနှောက် လိုသည့် SOFTWARE
ကူးယူနိုင်အောင် ပြုလုပ်ထားသည်
သူငယ်ချင်းတို့...။
လာရောက်ဝင်လည် COMMENT ပေးလည်း
ရေးချင်ရာရေး စိတ်မဆိုးပဲ
ပျော်ရွှင်စေကြောင်း ပြန်ဆုတောင်းတာ
"အိမ်လွမ်းသူ.."မှ "အောင်အောင်.." ပါ...။

                                                                  အဏ္ဏဝါ(သင်္ချာ-ပြွန်တန်ဆာ)


                                   ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!

7 Response to အဏ္ဏဝါမှ ကျွန်တော့်အတွက် ကဗျာလက်ဆောင်...!

April 21, 2012 at 12:52 AM

မိုက်တယ်ဟေ့........

April 21, 2012 at 1:04 AM

ကဗျာလေး မိုက်တယ်ဗျ....
အခုလိုပဲ အိမ်လွမ်းရင်းနဲ့ software တွေ အများကြီး share ပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ကိုအိမ်လွမ်းသူရေ....:)

April 21, 2012 at 1:23 AM

မေ့ချင်တာတော့မေ့လေ ချစ်သူနဲ့အိမ်တော့မမေ့နဲ့ကွယ်
ကဗျာလေးအရမ်းကောင်း၏

April 21, 2012 at 6:18 AM

ကွန်ပြုတာက အလုံးလည်းဟုတ်ဝူး အပြားလည်းဟုတ်ဝူး
ပိန်ရှည်ရှည်ကြီးဗျ.း)
စိတ်မဆိုးတက်တဲ့ ..သူငယ်ချင်းအောင်အောင်ရေ
စိတ်ဓါတ်လေးတွေ သိရပြီမို့ နောက်ဆိုရင်
လိုအပ်တာမှန်သမျှ သူငယ်ချင်းစီပဲ လာရှာခိုင်းတော့မယ် ;p ;p ;p

ခင်မင်လေးစားလျှက်
(ဒုတိယ)

April 21, 2012 at 9:17 AM

ငါ့ညီလေး ဘ၀လေးကို ရေးချထားသလို အသက်ဝင်တယ်ဟေ့။ကဗျာဆရာရေ ကဗျာလေးအတွက် အောင်အောင့် ကိုယ်စား ကျေးဇူးပါ။

April 21, 2012 at 12:24 PM

ကဗျာရေးတတ်သူကလည်း ရေးတတ်ပါ့။ နာမည်လေးပါ ထည့်ထည့်ရေးတော့ ကြော်ငြာစရာ မလိုတော့ဘူးပေါ့။
မကြီးလွမ်း လာလည်တယ်အောင်အောင်ရေ။

ခင်မင်တဲ့
မကြီးလွမ်း

November 11, 2013 at 3:49 PM

ကိုအောင်အောင်ရေးတဲ့ကဗျာအရမ်းမိုက်တယ်ဗျာ....နောက်လည်းများများရေးနော်

Post a Comment

ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!