--
0

                   နောက်ထပ် သူငယ်ချင်းတွေအတွက် window media player skin လှလှလေးတင်ပေးလိုက်တယ်
လိုချင်ရင်ယူသွားပါ....Install လုပ်စရာမလိုဘူး...ဇစ်ဖိုင်လေးနဲ့ တင်ပေးထားတာ သုံးရတာလွယ်ကူတယ် ကလစ်လေးနှစ်ချက်နှိပ်လိုက်ရင် ရတယ်နော်... အားလုံး 10 မျိုးတင်ပေးထားတယ်..ဗဟုသုတ အနေနဲ့တင်ပေးထားတာပါ..







Download... လိုချင်ရင်ယူသွားပါ...




                                            လေးစားလျှက်.....အိမ်လွမ်းသူ

--
0

       အတက်နှင့်တူသော ဥစ္စာသည်မရှိ။အတက်ကို ခိုးသူတို့ မယူနိုင်ကုန်။ဤလောက၌ အတက်သည်က အဆွေခင်ပွန်းဖြစ်၏။တမလွန်ဘ၀၌ ချမ်းသာခြင်းကိုဆောင်တက်၏။

    There is nothing equal to learning.Thieves cannot steal learning.In this world,learning is a friend and meat.It carries happiness to the nest life.


                                           
                                                                           From...LawKa NiTi

                                 လေးစားလျှက်.....အိမ်လွမ်းသူ

--
0


ဝေးနေချိန်…
ကိုယ်မင်းဆီ ပြန်လာချင်ပေမဲ့
ဘယ်အချိန်ဆိုတာ ကိုမတွေးရဲ
စိတ်တွေကတော့ မင်းအနားမှာ…။
အချိန်နာရီတွေ ပြောင်းနေပေမဲ့
“ချစ်တယ်”…ဆိုတဲ့စကားလေးကတော့
မင်းအတွက် ကိုယ့်ရဲ့”ထာဝရ လက်ဆောင်”…။
ခွဲခွာခြင်းဆိုတဲ့ခဏမှာ
လွမ်းဆွတ်ခြင်း၊တမ်းတခြင်းတွေ
ပြည့်နေတာ ကိုယ်တစ်ယောက်ပါ…။
သတိရတိုင်း…
သံစဉ်တွေညီးပြီး မင်းဓါတ်ပုံတွေကြည့်ရင်း
အလွမ်းဖြေနေရတဲ့သူပါ..။
ကမ္ဘာမှာ”ချစ်သူရဲ့” ဓါတ်ပုံတွေကြည့်တဲ့လူ
ဂင်းနစ်စံချိန်ပေးရင် ကိုယ့်ဟာ
အမြဲတမ်း “ပထမ” ဖြစ်နေမှာပါ….။


                                  အောင်အောင် (၃း၅၁ မိနစ်…November/30/2011)



                         လေးစားလျှက်.....အိမ်လွမ်းသူ

--
0

               သူငယ်ချင်းများအတွက် Window7LogonBackgroundChanger..လေးကိုတင်ပေးလိုက်ပါတယ်...သိတဲ့သူတွေရှိသလို မသိသေးတဲ့ ဘော်ဒါတွေအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ..တက်လို့တော မဟုတ်ပါဘူး မျှဝေတဲ့သဘေားပါ...စိတ်ဝင်စားရားတော့ အားလုံးယူသွားပါ..Download...လုပ်ပြီးရင် အင်စတေားလေးတော့ လုပ်ပေးလိုက်ပါ တက်လာတဲ့ Icon ထဲမှာ ၀င်ပြီး ကိုယ်ပြောင်းချင်တဲ့ ပုံးလေးကိုပြောင်းလိုက်ပါ......သူငယ်ချင်းတို့ရဲ့ Computer...လေးကတော ဖွင့်လိုက်တာနဲ့ ကိုမြင်လိုတဲ့ ပုံလေးကို အစဆုံးမြင်ရမှာပါ...အားလုံးပျော်ရွှင် ချမ်းမြေ့ပါစေ...





Download...ဒီမှာဗျို့... စိတ်ဝင်စားရင်ယူသွားပါ...




                                              လးစားလျှက်.....အိမ်လွမ်းသူ

--

      သူငယ်ချင်း အားလုံးအတွက် အခုတင်ပေးလိုက်တဲ့ KaraFun  Software...လေးကတော့ ကွန်ပြူတာဖြင့် ကာရာအိုကေသီချင်းဆိုချင်သော ဘော်ဒါတွေအတွက်ပါ..Player...လေးတစ်ခုဆိုရင်လည်း မမှားပါဘူး...အပြင်းပြေပါတယ် တစ်ခါတလေ စိတ်ညစ်လာရင် သီချင်းဆိုတာက ထွက်ပေါက်တစ်ခုလို့ထင်တယ် ဒါကြောင့် အားလုံးအတွက် မျှဝေပေးလိုက်တာပါ...စိတ်ဝင်စားတဲ့ ဘော်ဒါတွေယူသွားပါ....


အသုံးပြုရန်။       ။    You Tube..မှ ကာရာအိုကေ Version..ကိုရှာ ရလာတဲ့သိချင်းကို AVI..format ပြောင်းလိုက်ပါ..မိမိရဲ့ Computer ထဲမှာ folder တစ်ခုဆောက်ထားပါ...ပြီးသွားရင်KaraFun Player လေးကိုဖွင့်လိုက်...Player ထဲမှာ ကိုဆောက်ထားတဲ့ folder..ကိုဖွင့် ဆိုချင်တဲ့ သီချင်းကို play..ပြီးရင် Recod..လုပ်ထား ဆိုပြီးသွားရင် SAVE..လုပ်ထားရပြီပေါ့....   (FLV...ဆိုရင် ဆိုလို့ မရပါဘူး...။)








Download...ဒီမှာဗျို့... တင်ပေးထားတယ် media fire လေးနဲ့....




                                                        လေးစားလျှက်.....အိမ်လွမ်းသူ

--

              ဆင်းရဲတဲ့ ရွာလေးတစ်ခုမှာ ကြွားကြွားဝါ၀ါ နေတက်တဲ့ သူတစ်ယောက် ရှိတယ်။သူဟာပစ္စည်းတွေဆိုရင်လည်း အတုအစစ် မရွေးအကုန်ဝယ်တယ်။တစ်နေ့ သူဟာဘယ်ကနေရလာမှန်းတော့မသိဘူး ကြိမ်ဖြင့်လုပ်ထားတဲ့ ဆွဲကြိုးကြီးကို လည်ပင်းမှာ ဆွဲထားတယ်။လက်နဲ့မှ ကိုင်မကြည့်ရင်ရွှေနှင့်တော်တော်လေးကိုတူတယ်။ဆွဲကြိုးကလည်း တော်တော်လေးကြီးတယ် အမြင်ဆိုရင် ရွှေ(၁ကျပ်)ကျော်လောက်ရှိတယ်။မြင်တဲ့လူတိုင်း သူ့ကိုအထင်ကြီးကြတာပေါ့။တနေ့...သူဟာ သူ့ဦးလေးရွှာမှ အပြန်လမ်းမှာ အရိုက်ခံရပြီး ဆွဲကြိုးကို အလုခံလိုက်ရပါတယ်..။လုတဲ့လူတွေကလည်း ဆွဲကြိုးကို ဖြုတ်ပြီး လွယ်အိတ်ထဲ ထည့်ကာပြေးပါလေသတဲ့..။တနေရာလည်းရောက်လို့ ဆွဲကြိုးကိုကြည့်တော့ အတုကြီးဖြစ်နေတာကို သိတော့ တစ်ယောက်နှင့်တစ်ယောက် အမြင်တွေလွဲကုန်တယ်…။ဆွဲကြိုးလုသွားတဲ့ လူတွေလည်း ရန်တွေ ဖြစ်ကြတာပေါ့ နောက်ဆုံး တစ်ယောက်က ပြေားသတဲ့...”တွေကြသေးတာပေါ့..”
ဒီလိုနဲ့ (၄ရက်)၊(၅ရက်)လောက်ကြာတော့…လူကြွးလေးဟာ ဗီဒီယိုရုံမှ ကြည့်ပြီးပြန်လာ ထပ်ရိုတ်ခံရပါတယ်..
အဲဒီအချိန်မှာ လူကြွားလေးက မေးသတဲ့..
”ကျွန်တော်ကို မရိုတ်ကြပါနဲ့ဗျာ ကျွန်တော်မှာ ဘာအမှားရှိလို့လည်း…”
လို့ပြေားတယ်..ဆွဲကြိုးလုတဲ့လုတွေက..
”အေး..မင်းဟိုနေ့က ဘာလို့ ဆွဲကြိုးအတုကြီး ၀တ်ထားလည်း.."
ဒါကြောင့်..
“မကြေနပ်လို့ နောက်တစ်ခါ ထပ်ရိုတ်တာ..”လို့ပြန်ပြေားသွားတယ်…….။

ဒါကြောင့် သူငယ်ချင်းတို့လည်း(၂-ခါအရိုတ် ခံရအောင်) မနေကြပါနှင့်…….။
စဉ်းစားပြီးမှ ရယ်ပါ…..ရယ်ပြီးရင်လည်း စဉ်းစားပါ….။

                              လေးစားလျှက်…..အိမ်လွမ်းသူ
                                                                  Sunday,November27,2011  (၈း၀၅ မိနစ်)

--
2

မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား….?

အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။
ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှအင်အား ထုတ်စရာမလိုဘဲ
အဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး
ဖျံရဲ့သွေးကို ပုံးတစ်ခုထဲထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့
ဓါးမြှောင်ကို သွေးထဲမှာ
စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့Aတွက် ဖျံသွေးဟာအချိန်တိုအတွင်းမှာ
ခဲသွားပါတယ။ အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး
ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။
အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့
သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့
ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့ အငမ်းမရ လျှာနဲ့
စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို
လက်မလွတ်ချင်တာနဲ့ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။
ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို သတိမထားမိတော့တဲ့အထိပါပဲ။

လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့
သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။အကြောင်းက

သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို
လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက နာကျင်တာကို
မခံစားမိတော့ဘူး။
အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက မြန်လေလေ
နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့
သွေးထွက်လွန်ပြီး မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို
ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။
- Hide quoted text -
ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို
ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း
ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ
ပိုအောင်မြင်လေလေ ၀င်ငွေများများ ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့်
သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့
အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။

ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံး
ကြရတယ်။ လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့
အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့
သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊
လူတစ်ဖက်သားကိုကူညီဖို့အရေးဆို
တာကိုတောင်သူတို့မေ့နေခဲ့ကြတယ်။
အမေရိကားရဲ့
အပတ်ဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင်
ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဖူးတယ်။
မေးခွန်းက “ တကယ်လို့
ဘ၀ကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက ဘာလဲ”
တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။
အဖြေက “ တကယ်လို့
ဘ၀ကို အသစ်ပြန်စရရင်သားသမီးတွေနဲ့ အတူနေတဲ့အချိန်ကို လက်မလွတ် ချင်ဆုံးပါ”
လို့ပြန်ဖြေခဲ့ကြတယ်။

တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။
ဒါပေမယ့်
မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။
ပျော်ပျော်နေတတ်တဲ့
သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။

ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့… ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့
လုံလောက်ပြီလို့ မထင်ဘဲငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။
ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီးပျော်နေကြတဲ့လူ
ဖြစ်နေခဲ့ပြီလား…?

တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။
မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။

ဖယောင်းတိုင် တစ်တိုင်ကနေ တစ်တိုင်ကို အလင်းကူးပေးတဲ့အခါ၊ ကိုယ့်ဆီက
အလင်းရောင်မလျော့သလို
အခြားသူဆီမှာလည်း ပိုမို ထွန်းလင်းလာတဲ့အတွက် လောကရဲ့ အမှောင်တွေကို
ပိုလို့ ဖယ်ရှားစွမ်းနိုင်ပါတယ် ...။
                               *********************
သူငယ်ချင်းတစ်ယောက်မေးထဲပို့ပေးထားတာ အရမ်းကြိုတ်လို့ဖော်ပြပေးလိုက်တာ...။
အဝေးမှာရောက်နေတဲ့ လူတွေအတွက် အရမ်းကိုထိတယ်ဗျာ.....။
                                                      လေးစားလျှက်.....အိမ်လွမ်းသူ

--
0

         အားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ် မသိသေးတဲ့သူတွေအအတွက် ရည်ရွယ်ပြီး တင်ပေးထားခြင်းဖြစ်ပါတယ်...Any Video Converter  လေးပါ..အင်စတေားလုပ်ရမှာပါ...သုံးရတာ လွယ်ကွယ်ပြီး အရမ်းလည်းကောင်းလို့ မျှဝေလိုက်ပါတယ်...အဆင်ပြေမယ်ထင်ရင် အားမနာပါနဲ့ ယူသွားလိုရပါတယ်..mediafire..လေးနဲ့ တင်ပေးထားတယ်...ကျေးဇူးမတင်ရင်လည်းနေပါ ခြေရာလေးတွေတော့ ချန်ထားခဲ့ပါ...







Download..ဒီမှာဗျို့... လိုချင်ရင်ယူသွားပါ




                                                      လေးစားလျှက်.....အိမ်လွမ်းသူ

--
0

သူငယ်ချင်း window media player...နောက်ထပ် skin..လေးထပ်တင်ပေးလိုက်တယ်...လိုချင်ရင်တော့ စိတ်အေးချမ်းစွာ ယူသွားပါ..virus..မရှိပါဘူး...မသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ..သိပြီးသားဆိုရင်လည်း အနော့် ကိုခွင့်လွှတ်ပါ...ဇစ်ဖိုင်လေးနဲ့ တင်ပေးထားတယ်။Install..လုပ်စရာမလိုပါဘူး..Portable...လေးပါ သုံးရတာ အဆင်ပြေပါတယ်...အဆင်မပြေရင်..."အိမ်လွမ်းသူ..."ကိုဆတ်သွယ်လိုက်ပါ...မာနမကြီးပါဘူး...





Download...ဒီမှာဗျို့... mediafire..လေးနဲ့တင်ပေးထားတယ်




                                              လေးစားလျှက်.....အိမ်လွမ်းသူ

--
2

  အားလုံးအတွက်ပါ သိတဲ့လူတွေရှိသလို မသိသေးတဲ့ သူတွေအတွက်Ringtone လုပ်တဲ့ mp3DirectCut..တင်ပေးလိုက်တယ်...သုံးရတာအဆင်ပြေပါတယ်....စိတ်ဝင်းစားရင်တော့ ယူသွားပါ
Install လုပ်ပေးရမယ်...mediafire လေးနဲ့တင်ပေးထားတယ်....ရှိထားရင်တော့ ကိုယ်ရဲ့ ဖုန်းလေးထဲမှာ Ringtone ကောင်းကောင်းလေးတွေ လုပ်လို့ ရသွားပြီနော်...သီချင်းလေးတွေကို MP3 အရင်ပြောင်းထားပါ
ပြီးမှ ကိုလိုချင်တဲ့ နေရာကနေ Cut လုပ်ပေးလိုက်ပါ...MP3 ပြောင်းစရာ Converter လေးလည်းတင်ပေးထားတယ်...





Download...ဒီမှာဗျို့...  စိတ်ဝင်စားရင်ယူသွားပါ


                                                         လေးစားလျှက်.....အိမ်လွမ်းသူ

--
0

သြော်.....အချစ်ရေ
တို့နှစ်ယောက် ခွဲရတာ
ရက်တွေကြာလို့ နှစ်တွေပြောင်းသွားပြီ....။
အချိန်ဆိုတဲ့ စက်ဝန်းကြီးထဲမှာ
ကိုကိုလေ သဲကိုခွဲပြီး
အလုပ်တွေဘဲ လုပ်နေမိတယ်...။
အတိတ်တွေဆီ
အမြဲတမ်း လွမ်းနေမိတယ်....။
ကောင်းကင်ကြီးကို မော့ကြည့်တိုင်း
အချစ်ရဲ့မျက်နှာလေးကို
မြင်ယောင်နေမိတယ်.......။
"လွမ်းလိုက်တာ.."အချစ်ရယ်
အချိန်ရှိတိုင်း ပြန်ရမဲ့နေ့တွေကို
ရေတွက်နေလျှက်ပါ.......။
"သဲ..."နဲ့ခွဲပြီး
မိုင်းပေါင်းထောင်ချီဝေးတဲ့
ဒေသကိုရောက်နေပေမဲ့
စက္ကန့်တိုင်း စိတ်တွေက
သဲ..ဆီမှာပါ.....။
တို့နှစ်ယောက် ဝေးကွာချိန်လေးမှာ
အမြဲတမ်း သတိရနေတယ်ဆိုရင်
ကိုကို..ပျော်နေမှာပါ..။

                                                     အောင်အောင်

--

အာရပ်..အစားစာ
ကြက်ဆင်..လေးဆိုင်မှာချတ်တာနော်..
လမ်းကြုံရင် လိုက်ကျွေးမယ်..
စားချင်လို့လား..
မုန့်ဟင်းခါးနဲ့ ...
သူငယ်ချင်းတွေနဲ့ အလှူလုပ်တာ အမှတ်တရ ရိုတ်ထားတာ..
အော်နိုင်ငံခြား သွားချင်အုံး..
အမှတ်တရ....
"အောင်အောင်" တို့အဖွဲ့  Game ဆော့နေတာ...
ဒူဘိုင်းမှာ Counter-Strike ပြစ်နေတာ ဘော်ဒါတွေနဲ့..

--
0

သူငယ်ချင်းတို့..........နောက်တစ်ခါ တင်ပေးလိုက်တယ် ကြိုက်လားတော့ မသိဘူး Window media player..ကျွန်တော်ကတော့တင်ပေးလိုက်ပြီ skin...လှလှတွေ လိုချင်ရင်တော့ ဟန်မဆောင်ဘဲ ယူသွားရတယ်နော် သိတဲ့လူတွေဆိုရင်လည်း မရယ်ပါနဲ့....စေတနာနဲ့ တင်ပေးထားတာ ကျေးဇူးမတင်ရင်လည်းရပါတယ် install..လုပ်စရာမလိုပါဘူး ဇစ်ဖိုင်လေးနော် သံရင်းတို့ စက်ထဲမှာ WinRAR ..ရှိမှအဆင်ပြေမှာ mediafire..နဲ့တင်ပေးထားတယ်...အားလုံးပေါင်း skin 10..  မျိုးတင်ပေးလိုက်တယ်.



Download...ဒီမှာဗျို့   လိုချင်ရင်ယူသွားနော်



                                                     လေးစားလျှက်.....အိမ်လွမ်းသူ

--

လှတယ် ကားလေးတွေ...
လှလို့ရိုက်လာတာပါ....
လမ်းတစ်နေရာမှာ သန့်ရှင်း၊သပ်ရပ်တဲ့ လမ်းတွေ...
Burj Khalifa ဘေးမှ ဟိုတယ်တွေ...
အဝေးမှ မြင်နေရတဲ့ ဟိုတယ်တွေ...
နောက်မှရိုတ်လာတဲ့ ဒူဘိုင်းမှဇနှီးမောင်နှံ...
ဒူဘိုင်းရဲ့ လမ်းတစ်နေရာ..စွန်ပလွန်တွေ...
ညဆိုရင်အရမ်းလှတဲ့နေရာလေးပါ...
ဒီနေရာမှာ ရေပန်းတွေ ညမှဖွင့်တာ..
ဒူဘိုင်းမှ Metro Station..အဝေးကနေရိုတ်ထားတာပါ..
အပေါ်မှရိုတ်ထားတဲ့"Jumerah Hotel.."
အဝေးမှရိုတ်ထားတဲ့"Jumerah Hotel..."
ဒူဘိုင်းမှ ကမ္ဘာ့အမြင့်ဆုံးတာဝါ"Burj Khalifa.."
အံ့မခန်းစရာ အတက်ပညာပါဘဲ
အပေါ်ပိုင်းလေးဘဲ ရိုတ်လာတာ..
Burj Khalifa..အနီးမှ ဟိုတယ် တစ်ခု နေပူပူမှာရိုတ်ထားတာ

--
0

အားလုံးအတွက် window media player...လေးအား skin လှလှလေးတွေနဲ့ သုံးချင်သူတွေအတွက် အားလုံး 10 မျိုးတင်ပေးထားတယ်...တော်တော်လေး လန်းတယ် ဘော်ဒါတို့ စိတ်ဝင်စားရင်ယူသွားနော်...Install လုပ်စရာမလိုဘူး...media fireမှာzipဖိုင်လေးနဲ့ တင်ပေးထားတယ်... 




Download...(1)ဒီမှာဗျို့



              
                             လေးစားလျှက်.... အိမ်လွမ်းသူ

--
0

              သူငယ်ချင်းတို့အတွက် မသိသေးတဲ့ သူတွေအတွက်ပါ။ဘလော့ လုပ်ချင်သူတွေအားလုံး မြန်မာလိုရေးထားတဲ့ ဘလော့လုပ်နည်းစာအုပ်လေးကိုတင်ပေးလိုက်တယ်။ဝါသနာပါသော သူတွေလေ့လာလို့ရပါတယ်။ရေးထားတာလည်း အရမ်းရှင်းပါတယ်။ညီလင်းဆတ် ရေးထားတာပါ ဗဟုသုတဖြစ်အောင် လက်ဆင့်ကမ်း ဖြန့်ဝေပေးလိုက်တာပါ။ဘော်းဒါတွေအားလုံး ဗဟုသုတ တိုးစေချင်တာ

" အိမ်လွမ်းသူ" ရဲ့ဆန္ဒပါ။

                                                                                                                                                                Download....ဒီမှာဗျို့...  media fireလေးနဲ့တင်ပေးထားတယ်

                                      




။     ။                                    လေးစားလျှက်.......အိမ်လွမ်းသူ

--

သူငယ်ချင်း။     ။ဒီနေ့တော့ ကမ္ဘာမှာ အကောင်းဆုံးလို့ စာရင်းဝင်ထားတဲ့ converter လေးပါ...
သုံးရတာလွယ်ပြီး အရမ်းကိုကောင်းပါတယ်..MP4..မှနေပြီး.MP3 audio..,OGG vorbis audio..,WAVE audio..,MPEG-4 audio..,WMA audio..and,AAc audio..,အားလုံးပြောင်းလို့ရတယ်...install လေးတော့ လုပ်ရမှာ mediafire နဲ့တင်ပေးထားတယ် စိတ်ဝင်စားရင် ယူသွားပါလို့ ပြေားပါရစေ။



Download...ဒီမှာဗျို့နေရာလေးမှာယူသွားနော်



                                                            လေးစားလျှက်...အိမ်လွမ်းသူ

--
0

သူငယ်ချင်းတို့အတွက်...အစဆအရာရာ အဆင်ပြေစေချင်ဆန္ဒဖြင့် English-Myanmar dictionary ဆော့(ဖ်)၀ဲလေး တင်ပေးလိုက်တယ်...သိတဲ့သူတွေလည်းရှိသလို မသိသေးတဲ့ဘော်ဒါတွေအတွက်ပါ...ဖိုင်ဆိုဒ်လည်းမကြီးပါဘူး
5.58MB  ဘဲရှိတယ်...install..တော့လုပ်ရမှာ...install လုပ်ပြီးရင် Desktop..ပေါ်မှာ icon လေးတက်လာမယ် ကလစ်နှစ်ချက်နှိပ် ကြလာတဲ့ ဘောက်(စ်)ထဲမှာ လိုတာရှာ...အင်္ဂလိပ်နှင့်မြန်မာ နှစ်မျိုးစလုံး သုံးလို့ရတယ်...သုံးရတာ အဆင်ပြေတယ်..."အောင်အောင်"ကတော့ မသိသေးတဲ့ English စာလုံးတွေဆိုရင် ဒီထဲမှာရှာလိုက်တာ အဆင်ကိုပြေလို့ အရင်တုန်းကဆိုရင် စာအုပ်ထဲရှာနေရတာ အမေားပဲ အခုတော့ အဆင်ပြေသွားပြီ...

မှတ်ချက်။    ။စက်ထဲမှာ မြန်မာဖေါင့်ရှိမှ အဆင်ပြေမှာ...


Download..ဒီနေရာ မှာယူသွားပါ...

                                                       လေးစားလျှက်...အိမ်လွမ်းသူ

--

ဒီဆော့(ဖ်)၀ဲလေးကတော့ install လုပ်ပြီးတာနဲ့...desktop..ပေါ်မှာ icon လေးရာက်လာမှာပါ...မြန်မာဖောင့် ရှိတဲ့ 
စက်ဆိုရင် မြန်မာလိုတွေ့ရမှာပါ...သူငယ်ချင်းတို့အတွက် အဆင်ပြေမယ်ထင့်လို့တင်ပေး လိုက်ပါတယ်...နောက်ပြီးနှစ်100 ပြက္ခဒိန်လေးပါ...မြန်မာလူမျိုးတွေအတွက်တော့ အရမ်းကို အသုံးဝင်တယ်...စိတ်ဝင်စားရင်ယူထားလိုက်ပါ....


Download...ဒီနေရာ မှာယူသွားလိုက်ပါ..

                                                               လေးစားလျှက်...အိမ်လွမ်းသူ

--