Showing posts with label ဟာသ.... Show all posts
Showing posts with label ဟာသ.... Show all posts
--

              ဆင်းရဲတဲ့ ရွာလေးတစ်ခုမှာ ကြွားကြွားဝါ၀ါ နေတက်တဲ့ သူတစ်ယောက် ရှိတယ်။သူဟာပစ္စည်းတွေဆိုရင်လည်း အတုအစစ် မရွေးအကုန်ဝယ်တယ်။တစ်နေ့ သူဟာဘယ်ကနေရလာမှန်းတော့မသိဘူး ကြိမ်ဖြင့်လုပ်ထားတဲ့ ဆွဲကြိုးကြီးကို လည်ပင်းမှာ ဆွဲထားတယ်။လက်နဲ့မှ ကိုင်မကြည့်ရင်ရွှေနှင့်တော်တော်လေးကိုတူတယ်။ဆွဲကြိုးကလည်း တော်တော်လေးကြီးတယ် အမြင်ဆိုရင် ရွှေ(၁ကျပ်)ကျော်လောက်ရှိတယ်။မြင်တဲ့လူတိုင်း သူ့ကိုအထင်ကြီးကြတာပေါ့။တနေ့...သူဟာ သူ့ဦးလေးရွှာမှ အပြန်လမ်းမှာ အရိုက်ခံရပြီး ဆွဲကြိုးကို အလုခံလိုက်ရပါတယ်..။လုတဲ့လူတွေကလည်း ဆွဲကြိုးကို ဖြုတ်ပြီး လွယ်အိတ်ထဲ ထည့်ကာပြေးပါလေသတဲ့..။တနေရာလည်းရောက်လို့ ဆွဲကြိုးကိုကြည့်တော့ အတုကြီးဖြစ်နေတာကို သိတော့ တစ်ယောက်နှင့်တစ်ယောက် အမြင်တွေလွဲကုန်တယ်…။ဆွဲကြိုးလုသွားတဲ့ လူတွေလည်း ရန်တွေ ဖြစ်ကြတာပေါ့ နောက်ဆုံး တစ်ယောက်က ပြေားသတဲ့...”တွေကြသေးတာပေါ့..”
ဒီလိုနဲ့ (၄ရက်)၊(၅ရက်)လောက်ကြာတော့…လူကြွးလေးဟာ ဗီဒီယိုရုံမှ ကြည့်ပြီးပြန်လာ ထပ်ရိုတ်ခံရပါတယ်..
အဲဒီအချိန်မှာ လူကြွားလေးက မေးသတဲ့..
”ကျွန်တော်ကို မရိုတ်ကြပါနဲ့ဗျာ ကျွန်တော်မှာ ဘာအမှားရှိလို့လည်း…”
လို့ပြေားတယ်..ဆွဲကြိုးလုတဲ့လုတွေက..
”အေး..မင်းဟိုနေ့က ဘာလို့ ဆွဲကြိုးအတုကြီး ၀တ်ထားလည်း.."
ဒါကြောင့်..
“မကြေနပ်လို့ နောက်တစ်ခါ ထပ်ရိုတ်တာ..”လို့ပြန်ပြေားသွားတယ်…….။

ဒါကြောင့် သူငယ်ချင်းတို့လည်း(၂-ခါအရိုတ် ခံရအောင်) မနေကြပါနှင့်…….။
စဉ်းစားပြီးမှ ရယ်ပါ…..ရယ်ပြီးရင်လည်း စဉ်းစားပါ….။

                              လေးစားလျှက်…..အိမ်လွမ်းသူ
                                                                  Sunday,November27,2011  (၈း၀၅ မိနစ်)