Showing posts with label Photo.... Show all posts
Showing posts with label Photo.... Show all posts
--
6

                        အမိမြေနှင့်ဝေးနေပေမဲ့ ဒီအချိန်ရောက်ရင် မြန်မာလူမျိုးများရဲ့စိတ်ထဲမှာ ဘယ်လိုမှ ဖုံးဖိလို့ မရနိုင်တာကတော့ နှစ်ကူးတဲ့ သင်္ကြန်ကာလလေးပါပဲ...!တူးပို့တူးပို့ ဆိုတဲ့အသံကြားရင် ဘယ်လိုမှ စိတ်တွေ ထိန်းလို့မရတော့ဘူး...!ဘယ်နေရာ ဘယ်ဒေသတွေပဲရောက်ရောက် မြန်မာတိုင်းဟာ သင်္ကြန်ပွဲလေးကို ဖြစ်မြှောက်အောင်ဆင်နွှဲ ကြစမြဲပါ...!UAE နိုင်ငံရောက်ရွှေမြန်မာတွေကလည်း ကိုယ်နေရာ၊ကိုယ့်ပတ်ဝန်းကျင်လေးမှာ သင်္ကြန်ပွဲလေးတွေကို ပြုလုပ်ကြပါတယ်...! သင်္ကြန် အကြတ်နေ့  JUMEIRAH BEACH PARK မှာကျင်းပတဲ့ သင်္ကြန်ပွဲလေးဆိုရင် အရမ်းကိုပျော်စရာကောင်ပါတယ်...!ဒီပွဲလေးကိုဖြစ်မြှောက်အောင် စိတ်ကူးကောင်းလေးဖြင့် အကောင်ထည်ဖော်သူတွေကတော့ ကိုကျော်ကျော်ဝေ ၊ကိုကျော်ကျော်ထိုက်၊ ကိုလင်း၊ ကိုကြည်လွင်ဦး၊ ကိုပြေငြိမ်း၊ ကိုကျော်ထွန်း၊ မသန္တာ၊ မထက်ထက်နှင့်သူငယ်ချင်းအပေါင်းတို့ ဖြစ်ပါတယ်...!

ကြွေးမွေးတဲ့နေရာမှာလည်း လာရောက်တဲ့လူတွေကို တမျိုးပြီးတမျိုး မရိုးနိုင်အောင်ပါပဲ...!ဒီပွဲလေးဟာဆိုရင်ဖြင့် သင်္ကြန်ပွဲထက် အလှူပွဲလေးဆိုရင်လည်း မမှားပါဘူး...!လာရောက်ကျတဲ့ လူတွေကလည်း ကျွန်တော့်အထင် လူပေါင်3း00ထက်မနည်းဘူလို့ ခန့်မှန်းမိတယ်...!အရမ်းကို ပျော်စရာကောင်းတဲ့ ပွဲလေးပါပဲ...!အစားသောက်တွေကလည်း ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ ဆီထမင်း+ငါးခြောက်ကြော်၊ မုန့်လုံးရေပေါ်နှင့်ငှက်ပျေားသီးဆနွင်းမကင်း တို့ဖြစ်ပါတယ်...!အိမ်း...ကျွန်တော်လေများမနေတော့ပါဘူး...!ဓါတ်ပုံတွေသာ ခံစားကြည့်ပေတော့...














































































                                        







ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!


အောင်အောင်(အိမ်လွမ်းသူ...)


--
2


         သင်္ကြန်မှာ ဘလော့တကာ ရေလျှောက်ပတ်ရင်းဖြင့် တွေ့လို့ယူလာတဲ့ ပုံလေးတွေပါ...!Software လေးတွေ မတင်ချင်သေးတာနဲ့ ဗုဒ္ဓဖြစ်စဉ်ပုံလေးတွေတင်ပေးလိုက်တာပါ...! ဘယ်ဘလော့ကရလာမှန်းကို မသိတော့ဝူး...!အခုလို ဗုဒ္ဓပုံလေးတွေ တင်ပေးထားတဲ့ ဘလော့ပိုင်ရှင်ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်...!ကျွန်တော် ခွင့်မတောင်းပဲတင်မိတာ တောင်းပန်ပါတယ်...!Post လေးကိုဖြတ်ပေးဆိုရင် ဖြတ်ပေးမယ်နော်...! အနော့်အိမ်ကို လာလည်တဲ့ သူငယ်ချင်းတွေ အတွက်မျှဝေပေးလိုက်တာပါ....!