--
0


ဝေးနေချိန်…
ကိုယ်မင်းဆီ ပြန်လာချင်ပေမဲ့
ဘယ်အချိန်ဆိုတာ ကိုမတွေးရဲ
စိတ်တွေကတော့ မင်းအနားမှာ…။
အချိန်နာရီတွေ ပြောင်းနေပေမဲ့
“ချစ်တယ်”…ဆိုတဲ့စကားလေးကတော့
မင်းအတွက် ကိုယ့်ရဲ့”ထာဝရ လက်ဆောင်”…။
ခွဲခွာခြင်းဆိုတဲ့ခဏမှာ
လွမ်းဆွတ်ခြင်း၊တမ်းတခြင်းတွေ
ပြည့်နေတာ ကိုယ်တစ်ယောက်ပါ…။
သတိရတိုင်း…
သံစဉ်တွေညီးပြီး မင်းဓါတ်ပုံတွေကြည့်ရင်း
အလွမ်းဖြေနေရတဲ့သူပါ..။
ကမ္ဘာမှာ”ချစ်သူရဲ့” ဓါတ်ပုံတွေကြည့်တဲ့လူ
ဂင်းနစ်စံချိန်ပေးရင် ကိုယ့်ဟာ
အမြဲတမ်း “ပထမ” ဖြစ်နေမှာပါ….။


                                  အောင်အောင် (၃း၅၁ မိနစ်…November/30/2011)



                         လေးစားလျှက်.....အိမ်လွမ်းသူ

No Response to "ဝေးနေချိန်..."

Post a Comment

ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!