Showing posts with label Tag.... Show all posts
Showing posts with label Tag.... Show all posts
--
5

         ကျွန်တော် ဒီပိုစ့်လေးကို ရေးမလို့ အရှိန်ယူနေတာကြာပြီ...! ညီလေး နွေလ  တဂ်ထားတဲ့ အချိန်ထဲက အခုလည်း Face book ပေါ်ရောက်တော့ " ဆရာလေး တမှီးချန် ..." လက်တို့လိုက်လို့ သတိရတာကြောင့် ပြန်ပြီးရေးဖြစ်သွားတာ...! ညီလေး နွေလ၊ ဆရာလေး တမှီးချန် ကျွန်တော် တဂ်ပိုစ့် လေးကို ရေးလိုက်ပါပြီ...!


Q..(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ? ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?
A...ကျွန်တော် ဘလော့ကို 11.11.2011 နေ့ကစပြီး ပြုလုပ်ခဲ့တာပါ...! ဒီဘလော့လေးမလုပ်ခင် အခြားဘလော့လေး(3)ခု လုပ်ခဲ့သေးတယ်...! စိတ်ကြိုက်မတွေ့လို့ ဖြတ်ပြစ်ခဲ့တယ်...! ဆရာ ညီလင်းဆက် ရေးထားတဲ့ How to make myanmar blog ဆိုတဲ့ စာအုပ်လေးဖက်ပြီး လုပ်မှပဲ အဆင်ပြေသွားတယ်...! အနက်ရောင် template လေးလုပ်ထားတဲ့ အချိန်က setting ပိုင်းမှာ ပြဿနာနည်းနည်းလေးရှိလို့ ကိုစွယ်စုံကျမ်း ကူညီပေးခဲ့ဘူးတယ်...! အခု template လေးပြာင်းထားမှ နည်းနည်းစိတ်တိုင်းကျသလိုဖြစ်မိတယ်...!



Q..(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?
A.. ရည်ရွယ်ချက်ကတော့ ကိုယ့်စိတ်ရဲ့ထွက်ပေါက်လေးဆိုရင်လည်း မမှားပါဘူး...! ကျွန်တော် နေတဲ့ ဒူဘိုင်းမှာ အရမ်းပူတယ် ပိတ်ရက်ဆိုရင်လည်း အပြင်မသွားချင်ဘူး ဘလော့ထဲမှာ အချိန်ဖြုန်းပြီး အိမ်ကိုလွမ်းတဲ့ စိတ်တွေကို ဖြေဖျောက်နေတဲ့သဘေားပါ..! ကျွန်တော့်ရဲ့ အိမ်လေးကို ရောက်လာတဲ့ သူငယ်ချင်းတွေလည်း အသုံးလိုတဲ့ Software တွေရှိရင် ယူသွားလို့ရအောင် ရည်ရွယ်ချက်ဖြင့် တင်ပေးထားတာပါ...!

Q..(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ …
ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?

A..ကျွန်တော့် ဘလော့လေးပေါ်မှာ ရည်မှန်းချက်ရယ်လို့တော့ မရှိပါဘူး...! ဘလော့လေးပေါ်မှာ အရမ်းကို မြတ်နိုးတန်ဖိုးထားတာတော့ အမှန်ပဲ...! ကွန်ပျူတာကို စဖွင့်တာနဲ့ ဘလော့ကို အရင်ဆုံးဖွင့်တာပဲ Mail တောင်နောက်မှ ဖွင့်တာ ဘလော့ပေါ်မှာသံယေားဇဉ် ကြီးတာလေ...!

Q..(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
A.. ဘလော့ကတော့ တစ်ခါမှ မပျောက်ဖူးသေးပါ...! Software တွေ Upload လုပ်တဲ့ လင့်တွေကတော့ ပျက်ဖူးတယ်...! လင့်တွေပျက်သွားတော့ ကျွန်တော် အရမ်းစိတ်ညစ်ခဲ့တယ်...! ဒါကြောင့် အခု လင့်တွေ Upload လုပ်ရင် တစ်ခုထဲမလုပ်တော့ဘူး နည်းနည်းလည်သွားပြီ ဟဲ..ဟဲ..!


Q.. (၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
မပျောက်ဆုံးသေးသူဆိုရင်လည်း အကယ်၍ သင့်ဘလော့လေး ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ … ?
A.. အရမ်းခံစားရမှာပေါ့...!မေးရက်လိုက် ကိုနွေလ ရယ်...! အခုလိုမေးတဲ့အတွက်ကြောင့် တပ်ကုန်းပြန်ရောက်မှ မြေအိုးမှီးရှည် လိုက်ကြွေးနော်...!အခုတစ်လေား Hack တဲ့ အကြောင်းတွေကြားနေရတော့ ဘလော့ကို ဆေးရုံတင်မလို့ လုပ်နေတယ်...! ဆေးခန်းတော့ အမြဲတမ်းပြဖြစ်တယ်...!

      " အမှတ်တရ တဂ်ထားတဲ့ ညီလေးနွေလ...ဆရာလေး သမီးစံ " နှင့်သူငယ်ချင်းအားလုံး ပျော်ရွှင်မှု့အပေါင်းနှင့်ပြည့်စုံပြီး အလွမ်းများနှင့် ကင်းဝေးပါစေ...!

ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!

--
0


                                                                      5000 တန် SIM CARD (တဂ်ပို့စ်) လေးကို ကျွန်တော်ရေးရမှာ မရဲဘူးဖြစ်နေတယ်....!ဘာလို့လည်းဆိုတော ကျွန်တော် ဂဃနဏ မသိလို့ပါပဲ...! ဘလော့သူငယ်ချင်း အားလုံးလည်း ရေးနေတယ် CNN သတင်းထောက် "သမီးစံ..." ကလည်း TAG ထားတယ်...!နောက်ပြီး တစ်ယောက်နှင့်တစ်ယောက် အမြင်ချင်း ဖလှယ်တဲ့ အနေဖြင့် ရေးလိုက်တာပါ...! အောက်မှာ "အောင်အောင်..."ရဲ့အမြင်လေး တင်ပြပေးထားပါတယ်....



1...ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား?
အခုချထားပေးတဲ့ နှစ်သိန်းဆိုတာ အရင်တုန်းကနဲ့စာရင် သက်သာတယ်လို့ ဆိုလို့ရပါပြီ....!လူဆိုတာကတော့ အလကားရလေ ကျေနပ်လေပါပဲ...!တန်ဖိုးနည်းတာများတာထက်ခေါ်လိုက်ရင် "လူကြီးမင်း.."ရန်ကကင်းဝေးတယ်ဆိုရင် ကျေနပ်ပါတယ်...!


2.. ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်းနဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ?
SIM CARD ကိုအကြောင်းပြပြီး ကိုယ်ကျိုးစီးပွား ရှာနေတာဆိုရင်တော့ အားမပေးပါ...!အများအကျိုးအတွက် လိုလားလို့လုပ်တာဆိုရင်တော့ နေားနော် လိုပဲ အတိုင်းထက်အလွန်ပဲပေါ့...!သူများအော်လို့လိုက်မအော်စေချင်ဘူး...! လုပ်မယ်ဆိုရင်လည်း ထိထိရောက်ရောက် လုပ်စေချင်ပါတယ်...!ကြိုးစားထားသမျှ အရာထင်အောင်လို့ပါ...!



3.. ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင်မိပါသလဲ?
 ဒီလိုလုပ်တာ ထိရောက်မယ်လို့ ယူဆပါတယ်...!အားပေးပါတယ်...!


4.. ငါးထောင်တန်ဖုန်းများ ပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား?
    အော်...မေးစရာလိုလားဗျာ...!သတင်းကြားရတာတောင် ပျော်နေမိတာ အမှန်ပါ...!ဒါပေမဲ့ ဖုန်းတော့ပါတယ် ပြေားလို့မရရင် ဘယ်လိုလုပ်မလည်း...!




5..ငါးထောင်တန်ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ။
5000 တန် SIM CARD အကြောင်းကိုကြားနေတာတော့ ကြာပါပြီ...!သတင်းစပြီးဖတ်လိုက်ရတဲ့နေ့ကဆိုရင် အရမ်းကိုဝမ်းသာမိတာအမှန်ပါ...! စပြီးအကောင်ထည် ဖော်မဲ့ "ရွှေပြည်တံခွန်ကုမ္ပဏီ" ကိုလည်း ကျေးဇူးတင်နေမိတယ်...! သူတို့ပြေားတာတော့  အမိန့်ရတာနဲ့ ၆လအတွင်း ရန်ကုန်နဲ့ ဧရာဝတီမှာ အရင်ဖြန့်ဝေမယ်လို့ ဆိုပါတယ်။ဒါပေမဲ့ ကျွန်တော် တွေးမိတယ်ဖြစ်နိုင်ပါ့မလား..!နည်းပညာပိုင်းအတွက် မြန်မာပြည်မှာအများကြီး လိုသေးတယ်လို့ ကျွန်တော်ထင်တယ်...!အကောင်ထည် ဖော်တော့မယ်ဆိုတာနဲ့ တာဝါတိုင်ထောင်ရုံနဲ့ မပြီးတော့ဘူး...!နောက်ဆက်တွဲအနေနဲ့ နေရာတကာမှာ မိုးကြိုးလွှဲတွေ တပ်ဆင်ဖို့လိုလာပြီ...! 
ကျွန်တော်တို့နိုင်ငံထက် စီးပွားရေးမှာ အဆင်ပြေနေတဲ့ ထိုင်းမှာတောင် နေရာတစ်ကာမှာ မိုးကြိုးလွှဲမတပ်ဆင်နိုင်သေးဘူး...!မြန်မာပြည်မှာ ဘယ်လိုလုပ်မလည်း...!ကျေးရွာတွေမှာ ဖုန်းတော့ ရှိပါရဲ့ လျှက်စစ်မီးမရှိရင် ဘာနဲ့သွားပြီး အားဖြည့်မလည်း...?အခုလက်ရှိသုံးနေတဲ့ CDMA & GSM အခြားဖုန်းတွေတောင် ခေါ်ရတယ် အဆင်မပြေဘူး...!ခေါ်ရပြန်တော့လည်း "ဟ လို..ဟ လို "နဲ့ 5မိနစ်လောက်ကုန်သွားတယ်...! 5000 တန်ဖုန်းသာ ပေါ်လာမယ်ဆိုရင်တော့ မတွေးရဲတော့ဘူး...!ဖုန်းကိုခါးမှာချိတ်ပြီး သီချင်းပဲနားထောင်တာပေါ့...!
             ကျွန်တော်အမြင်တော့ တန်ဖိုးနည်းဖုန်း ပေါ်တာထက် အခုလက်ရှိသုံးနေတဲ့ လိုင်းတွေကို ကောင်းကောင်းလေးဖြစ်စေချင်တယ်...!လှေကားများလိုပဲ တစ်ထစ်ခြင်း တက်သွားတာ အကောင်းဆုံးလို့ ယူဆမိတယ်...! 
      နိဂုံးချုပ်ရရင်တော့ 5000တန် SIM CARD လည်းအမြန်ဆုံး အကောင်ထည်ဖော်နိုင်ပြီးနိုင်ငံတစ်ကာနဲ့ ရင်ဘောင်တန်းနိုင်သော ခေတ်မှီဖွင့်ဖြိုးတိုးတက်တဲ့အမိမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးဖြစ်ပါစေလို့ ဆုတွေတောင်းရင်း....
                                     စိတ်ထဲရှိတာ ရေးလိုက်ပါသည်.... မှားတာများရှိရင်လည်း ခွင့်လွှတ်ပါ...

ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!


                                                            လေးစားလျှက်*****အိမ်လွမ်းသူ

--
2

           ကျွန်တော် "ဘ၀ရဲ့အမှတ်တရနေ့စွဲများ (Tag)..." ပို့စ်လေးကို ဘယ်ကနေဘယ်လိုစရေးရမှန်းတောင်မသိဘူး...။ဘလော့ဂါ "သမီးစံ..." က အမှတ်တရ တဂ်ထားတော့ မရေးတက်ရေးတက်နဲ့ ရေးလိုက်ပါတယ်...။စာရေးတာ အဆက်ဆတ် မရှိရင်လည်း သီးခံပြီးတော့ ဖတ်ပေးသွားပါလို့ ပြေားပါရစေ...။
Cartoons Graphic #116
             ကျွန်တော့်ဘဝရဲ့ အမှတ်တရလေး စတာကတော့ အောင်အောင် ကျောင်းစနေတဲ့ အရွယ်ကပေါ့  ဖေဖေနှင့်မေမေ ကိုစပြီးခွဲရတဲ့အချိန်လေးပါ...။အဲဒီအချိန်မှာ ကျွန်တော့် အသက်က 4နှစ်ပဲရှိသေးတယ်...။ အောင်အောင် ရင်ထဲမှာ အရမ်းကို ဖော်မပြနိုင်အောင် ခံစားရပါတယ်...။

 ဘာလို့လည်းဆိုတော့ ဖေဖေနှင့်မေမေ ကနေပြည်တော်မှာနေတာပါ...။အောင်အောင် ကိုယ်အဘိုး၊အဘွားတွေရှိတဲ့ တောင်သာမြို့မှာ ကျောင်းတက်ခိုင်းပါတယ်...။ကျွန်တော့်ရင်ထဲမှာ အသက်ငယ်ငယ်လေးနဲ့ မိဘတွေနှင့် ခွဲရတော့ အရမ်းကို ခံစားရပါတယ်..။အဲဒီနေ့လေးကို အခုချိန်ထိတွေးမိတိုင်း အရမ်းကိုခံစားရတဲ့ အမှတ်တရနေ့လေးပါ..။
                                                                                                        

                                                                                                                                                         
Dont Click My Pic
                                                                             ကျွန်တော်ကျောင်းစနေလို့ သူငယ်တန်းကျောင်းသားလေးဘဝမှာ အခုချိန်ထိ မေ့လို့မရတာလေးကတော့ ဆရာမက ကကြီး၊ခခွေးရေးခိုင်းပါတယ်...။အဲဒီအထဲမှာ ကျွန်တော် ဘယ်လိုမှကြိုးစားပြီးရေးလို့မရတာက "တသံလင်းချိတ်" ဆိုတဲ့ အက္ခရာလေးပါပဲ..။ဘယ်လိုရေးရေး အဆင်မပြေဘူးဗျာ...!ဒါ'ကြောင့်ဆရာမက ကျွန်တော့်ကို  မုန့်စားကျောင်းပေးမသွားဘူးဗျာ...။အဲဒီအချိန်က ဆရာမကို အရမ်းစိတ်ဆိုးတယ် နောင်အချိန်ကျမှ ဆရာရဲ့ကျေးဇူးကိုနားလည်လာတယ် အရမ်းကိုကျေးဇူးတင်မိတယ်..။"ဋ ..."ဒီအက္ခရာလေးကိုမြင်တိုင်း ဆရာရဲ့ ဂုဏ်ကျေးဇူးတွေကို အမြဲတမ်း သတိရနေတဲ့ အမှတ်တရလေးပါပဲ..။      
Brazil Graphic #186

                                        1996.. ခုနှစ်ကျွန်တော် 5 တန်းကျောင်းသား ဘဝက ကျောင်းမှာဘေားလုံးလက်ရွေစင်လေးပါ(ကြုံတုန်းကြွားတာနော်..) အကန်ကောင်းလို့ လက်ကြိုး ခဲ့ရတယ်...။ အောင်အောင်လက်လေးက နည်းနည်းလေးကောက်သွားတယ်...။ယခုအချိန်ထိ လက်လေးကို ကြည့်တိုင်း အဲ့ဒီနေ့ကို ဘယ်တော့မှ မေ့မရတဲ့ အမှတ်တရလေးပါဘဲ...။
         
I Hope You Feel Better Soon Friend

                                       အောင်အောင် ကျောင်းသားဘဝမှာ အတူတွဲလာတဲ့ သူငယ်ချင်း တစ်ယာက်ရှိတယ်..။ရယ်စရာလေး ပြေားပြမယ် မှတ်မှတ်ရရ 7 တန်းနှစ်က အပတ်စဉ်စာမေးပွဲဖြေတယ်...။တစ်ပါတ်လောက်ကြာတော့ မြန်မာစာ ဆရာမက သူ့ဘာသာမှာ ဘယ်သူတွေ ဘယ်လိုဖြေတယ်ဆိုတာ ပြေားပြပါတယ်...။ဆရာမပြေားပြတော့မှာသိတော့ အောင်အောင်တို့ 2 ယောက် နေစရာနေရာမရှိတော့ဘူး...။ဘာလို့လည်းဆိုတော့...
သူငယ်ချင်းရေးထားတာက မြန်မာ
သဒ္ဒါမှာ..." ကြိယာ ဆိုသော ပုဒ်ကိုဖြေဆိုပါ..."မေးခွန်းမှာ သူဖြေပုံက..."ကား ကိရိယာ၊ရထား ကိရိယာနှင့်ဆိုင်ကယ် ကိရိယာ တို့ဖြစ်ပါသည်တဲ့"...။ကျွန်တော်က "နာမ်းစား ဆိုသည်မှာ အဘယ်နည်း...မေးခွန်းမှာ ဖြေထားတာက "ဓညင်း သီး စားတဲ့ သူကို နာမ်းစားဟုခေါ်သည်..."လိုဖြေထားတယ်...။ ဆရာမက ကျွန်တော်တို့ နှစ်ယောက်ကို အတန်းရှေ့မှာ ခေါ်ပြီးရိုတ်တယ်...။နောက်ပြီးတစ်ကျောင်းလုံးလည်း နာမည်ကိုကြီးသွားတာပဲ..။ယခုအချိန်ထိ ကျောင်းမှာမြန်မာ သဒ္ဒါသင်ရင် ပြေားနေဆဲ ကျွန်တော်တို့ အကြောင်းတွေ..။ယခုအချိန်ထိ ကျောင်းမှ ဘော်ဒါတွေနဲ့တွေ့တိုင်း ပြန်ပြေားဖြစ်တဲ့ ဘဝရဲ့အမှတ်တရအကြောင်းလေးပါပဲ...။(မှတ်ချက်။     ။ကျောင်းအမြဲတမ်းလစ်တဲ့သူပါ)
              
Reading is Good For us
                                                                                                                                          ဒီလိုနဲ့ 10 တန်းကျောင်းသားဘဝမှာ ဆရာဆုံးမခဲ့တဲ့ စကားလေးတွေ ရှိခဲ့တယ်...။ ဆရာပြေားတာက......
                 "မင်းဘယ်အရာမဆို ကောင်းတာရေား မကောင်းတာရေား အကုန်လုပ်ကြည့်ပါ                 မင်းစိတ်ထဲမှာ                     မကောင်းဘူးထင်ရင် ဘယ်တော့မှ မလုပ်ပါနဲ့
         သူများပြေားမှ သိတာထက် ကိုယ့်ကိုသိအောင်ကြိုးစားပါ ကိုယ့်ကိုသိတဲ့ အရာဟာ ဘယ်တော့မှပျောက်ပျက်သွားမှာ မဟုတ်ပါဘူး..."
       "အရာရာကို မလုပ်ခင်ထဲက ကြိုတင်ပြီးစဉ်းစားပါ ၊ တွေးတေားထားပါ ၊ချင့်ချိန်ပါ ၊
         ဖြစ်သွားပြီးမှ ဒါ့ကြောင့်လို့ဆိုတာကို မဖြစ်စေလိုပါ.."
    "အရာရာကို ဆုံးဖြတ်ချက် ချတော့မယ်ဆိုရင်
    ရှု့ထောင့်မျိုးစုံမှ ကြည့်ပြီး ဆုံးဖြတ်ပါ..."
     ဒီစကားလေးတွေဟာ ကျွန်တော့် အတွက် ဘယ်လိုမှမေ့လို့မရတဲ့ ဘဝရဲ့ အမှတ်တရလေးတွေပါပဲ...။
                                   2001-2002 မှာ အောင်အောင် က10တန်းစာမေးပွဲ ဖြေတယ်...။ဖေဖေနှင့်မေမေကပြေားတယ် 10တန်းစာမေးပွဲအောင်ရင် လိုချင်တာဝယ်ပေးမယ်လို့ပြေားတယ်...။ အောင်စာရင်းထွက်လာတော့ ကျွန်တော် 10တန်းကို အောင်တယ် ပျော်လိုက်တာအရမ်းပဲ ဘာလို့လည်းဆိုတော့ လိုချင်တာလည်းရမယ် 10တန်းဆိုတဲ့ စာမေးပွဲကြီးကို အောင်မြင်သွားလို့ပေါ့...။အဲဒီနေ့က ဖေဖေနှင့်မေမေရဲ့ အပြုံးလေးကိုဒီနေ့ထိမေ့လို့ မရပါဘူး...။နောက်ပြီးကျွန်တော် လိုချင်တဲ့ ဆိုင်ကယ်လေးကိုလည်း ဝယ်ပေးခဲ့တယ်...။ပျော်လိုက်တာအရမ်းပဲ ကျွန်တော့်အတွက်တော့ ဘယ်လိုမှမေ့မရတဲ့ `ဘဝရဲ့အမှတ်တရနေ့လေးတွေပါပဲ...။
သူလေးပါပဲ....
                 10တန်းအောင်ပြီးလို့ တစ်နှစ်သော"သင်္ကြန်းမှာ..." ကျွန်တော့်ဘဝရဲ့အလင်းရောင်လေးကို စတွေ့ခဲ့ပါတယ်...။သူ့ဆီကချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကိုကြားရဖို့ ကျွန်တော့်မှာအချိန်တွေအများကြီးပေးဆပ်ခဲ့ရပါတယ်...။ဒါပေမဲ့ ကျွန်တော် ကျေနပ်မိပါတယ်...။
 2005 ရဲ့တစ်နေ့သော အချိန်လေးကို ဘယ်သောအခါမှ မေ့လို့ရမှာမှာ မဟုတ်ပါဘူး...။သူ့ဆီက ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကို ကြားရလို့ပါပဲ...။ကျွန်တော့်အတွက်တော့ ဘယ်လိုမှမေ့လို့ မရတဲ့ ဘဝရဲ့အမှတ်တရလေးပါပဲ...။ (လူတိုင်းကိုချစ်တဲ့သူဆီက ချစ်တယ်ဆိုတဲ့ စကားလေးကို ကြားရတဲ့ နေ့ကိုဘယ်လိုမှမေ့လို့ရမှာ မဟုတ်ပါဘူးနော်...)
                
I love you
                                             15.6.2005 နေ့သူနှင့်ချစ်သူဖြစ်ပြီး  1လရှိတော့ ကျွန်တော် မလေးရှားကိုထွက်ခဲ့တယ်...။သူငိုလိုက်တာ အနော့်စိတ်တွေလည်း အရမ်းကိုခံစားခံရတယ်...။ချစ်သူကိုထားခဲ့ပြီး အဝေးကိုထွက်လာရတဲ့နေ့ ကျွန်တော့်အတွက်တော့ ဘဝရဲ့အမှတ်တရနေ့လေးပါပဲ...။
                                                                               
Sweet Love
                                                                  ကျွန်တော် 5.5.2008 နေ့မှာ မလေးကနေ ပြန်လာတယ်...။ကျွန်တော်ပြန်လာတော့ ချစ်သူရဲ့အပြုံးလေးကိုမြင်လိုက်ရတဲ့ အချိန်မှာ ရင်ထဲမှာ ပြေားမပြတက်အောင်ကို ခံစားခဲ့ရတယ်...။အဲဒီနေ့က သူပြေားလိုက်တဲ့ စကားလေး...
"ကိုကိုရယ် အရမ်းလွမ်းတာပဲ...သဲလေ ကိုကို ကိုယ် ရင်ထဲကနေပြီးလှိုက်နေအောင် ချစ်တယ်တဲ့..."
ကျွန်တော့်ရဲ့ အမှတ်တရ နေ့လေးပါ..။
          
In Love

13.8.2010
               ကျွန်တော်ဒုတိရအကြိမ် ချစ်သူကိုထားပြီး အဝေး(ဒူဘိုင်း..)ကိုထွက်လာပြန်ပြီ..။သူငိုပြီး ကျွန်တော့် ကိုပြေားတယ် နောက်တစ်ခါ သူကိုထားခဲ့ပြီး ဘယ်မှမသွားစေချင်တော့ဘူးတဲ့..။သူ့ရင်ထဲမှာ အရမ်းကိုခံစားနေရတယ်လို့ပြေားတယ်...။ကျွန်တော့်ဘဝမှာ ခွဲခွာခြင်းတွေနဲ့ တည်ဆောက်ထားသလို ဖြစ်နေတယ်..။ဘယ်တော့မှ လွတ်မြှောက်မှာလည်း မသိဘူးဗျာ..။
နောက်ထပ်ဘဝရဲ့အမှတ်တရတွေ ဘယ်လိုတွေ့ကြုံရမလည်းဆိုတာတွေးတေားရင်းဖြင့်...။



ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ......!
                                                 အောင်အောင်   EainLwannThu