--
0


                                                                      5000 တန် SIM CARD (တဂ်ပို့စ်) လေးကို ကျွန်တော်ရေးရမှာ မရဲဘူးဖြစ်နေတယ်....!ဘာလို့လည်းဆိုတော ကျွန်တော် ဂဃနဏ မသိလို့ပါပဲ...! ဘလော့သူငယ်ချင်း အားလုံးလည်း ရေးနေတယ် CNN သတင်းထောက် "သမီးစံ..." ကလည်း TAG ထားတယ်...!နောက်ပြီး တစ်ယောက်နှင့်တစ်ယောက် အမြင်ချင်း ဖလှယ်တဲ့ အနေဖြင့် ရေးလိုက်တာပါ...! အောက်မှာ "အောင်အောင်..."ရဲ့အမြင်လေး တင်ပြပေးထားပါတယ်....



1...ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား?
အခုချထားပေးတဲ့ နှစ်သိန်းဆိုတာ အရင်တုန်းကနဲ့စာရင် သက်သာတယ်လို့ ဆိုလို့ရပါပြီ....!လူဆိုတာကတော့ အလကားရလေ ကျေနပ်လေပါပဲ...!တန်ဖိုးနည်းတာများတာထက်ခေါ်လိုက်ရင် "လူကြီးမင်း.."ရန်ကကင်းဝေးတယ်ဆိုရင် ကျေနပ်ပါတယ်...!


2.. ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်းနဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ?
SIM CARD ကိုအကြောင်းပြပြီး ကိုယ်ကျိုးစီးပွား ရှာနေတာဆိုရင်တော့ အားမပေးပါ...!အများအကျိုးအတွက် လိုလားလို့လုပ်တာဆိုရင်တော့ နေားနော် လိုပဲ အတိုင်းထက်အလွန်ပဲပေါ့...!သူများအော်လို့လိုက်မအော်စေချင်ဘူး...! လုပ်မယ်ဆိုရင်လည်း ထိထိရောက်ရောက် လုပ်စေချင်ပါတယ်...!ကြိုးစားထားသမျှ အရာထင်အောင်လို့ပါ...!



3.. ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင်မိပါသလဲ?
 ဒီလိုလုပ်တာ ထိရောက်မယ်လို့ ယူဆပါတယ်...!အားပေးပါတယ်...!


4.. ငါးထောင်တန်ဖုန်းများ ပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား?
    အော်...မေးစရာလိုလားဗျာ...!သတင်းကြားရတာတောင် ပျော်နေမိတာ အမှန်ပါ...!ဒါပေမဲ့ ဖုန်းတော့ပါတယ် ပြေားလို့မရရင် ဘယ်လိုလုပ်မလည်း...!




5..ငါးထောင်တန်ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ။
5000 တန် SIM CARD အကြောင်းကိုကြားနေတာတော့ ကြာပါပြီ...!သတင်းစပြီးဖတ်လိုက်ရတဲ့နေ့ကဆိုရင် အရမ်းကိုဝမ်းသာမိတာအမှန်ပါ...! စပြီးအကောင်ထည် ဖော်မဲ့ "ရွှေပြည်တံခွန်ကုမ္ပဏီ" ကိုလည်း ကျေးဇူးတင်နေမိတယ်...! သူတို့ပြေားတာတော့  အမိန့်ရတာနဲ့ ၆လအတွင်း ရန်ကုန်နဲ့ ဧရာဝတီမှာ အရင်ဖြန့်ဝေမယ်လို့ ဆိုပါတယ်။ဒါပေမဲ့ ကျွန်တော် တွေးမိတယ်ဖြစ်နိုင်ပါ့မလား..!နည်းပညာပိုင်းအတွက် မြန်မာပြည်မှာအများကြီး လိုသေးတယ်လို့ ကျွန်တော်ထင်တယ်...!အကောင်ထည် ဖော်တော့မယ်ဆိုတာနဲ့ တာဝါတိုင်ထောင်ရုံနဲ့ မပြီးတော့ဘူး...!နောက်ဆက်တွဲအနေနဲ့ နေရာတကာမှာ မိုးကြိုးလွှဲတွေ တပ်ဆင်ဖို့လိုလာပြီ...! 
ကျွန်တော်တို့နိုင်ငံထက် စီးပွားရေးမှာ အဆင်ပြေနေတဲ့ ထိုင်းမှာတောင် နေရာတစ်ကာမှာ မိုးကြိုးလွှဲမတပ်ဆင်နိုင်သေးဘူး...!မြန်မာပြည်မှာ ဘယ်လိုလုပ်မလည်း...!ကျေးရွာတွေမှာ ဖုန်းတော့ ရှိပါရဲ့ လျှက်စစ်မီးမရှိရင် ဘာနဲ့သွားပြီး အားဖြည့်မလည်း...?အခုလက်ရှိသုံးနေတဲ့ CDMA & GSM အခြားဖုန်းတွေတောင် ခေါ်ရတယ် အဆင်မပြေဘူး...!ခေါ်ရပြန်တော့လည်း "ဟ လို..ဟ လို "နဲ့ 5မိနစ်လောက်ကုန်သွားတယ်...! 5000 တန်ဖုန်းသာ ပေါ်လာမယ်ဆိုရင်တော့ မတွေးရဲတော့ဘူး...!ဖုန်းကိုခါးမှာချိတ်ပြီး သီချင်းပဲနားထောင်တာပေါ့...!
             ကျွန်တော်အမြင်တော့ တန်ဖိုးနည်းဖုန်း ပေါ်တာထက် အခုလက်ရှိသုံးနေတဲ့ လိုင်းတွေကို ကောင်းကောင်းလေးဖြစ်စေချင်တယ်...!လှေကားများလိုပဲ တစ်ထစ်ခြင်း တက်သွားတာ အကောင်းဆုံးလို့ ယူဆမိတယ်...! 
      နိဂုံးချုပ်ရရင်တော့ 5000တန် SIM CARD လည်းအမြန်ဆုံး အကောင်ထည်ဖော်နိုင်ပြီးနိုင်ငံတစ်ကာနဲ့ ရင်ဘောင်တန်းနိုင်သော ခေတ်မှီဖွင့်ဖြိုးတိုးတက်တဲ့အမိမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးဖြစ်ပါစေလို့ ဆုတွေတောင်းရင်း....
                                     စိတ်ထဲရှိတာ ရေးလိုက်ပါသည်.... မှားတာများရှိရင်လည်း ခွင့်လွှတ်ပါ...

ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!


                                                            လေးစားလျှက်*****အိမ်လွမ်းသူ

No Response to "ငါးထောင်တန် SIM CARD အပေါ်အမြင် (တဂ်ပို့စ်) ...!"

Post a Comment

ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!