--
2


မင်း..ချစ်တယ်ဆိုတဲ့ နောက်မှာ
ချောက်ရှိခဲ့ရင်တောင် ခုန်းချရဲခဲ့တဲ့
ငါ့ရဲ့ရိုးသားမှု့က လမ်းခွဲခြင်းရဲ့နောက်မှာ
အလွမ်းတွေပဲ ရှိမယ်လိုမတွေးခဲ့တာ
ငါမရိုးသားခဲ့တာလား..??ချစ်သူ
မင်းဘဝမှာ ငါမရှိလို့ဘာမှာမဖြစ်ပေမဲ့
ငါ့ဘဝမှာ မင်းမရှိလို့(........)ဆိုတဲ့
ငါ့စိတ်ဓါတ်ကို ငါမုန်းတယ်....
တတိယကမ္ဘာစစ် ထပ်ဖြစ်မှာကို
မကြောက်တတ်တဲ့ ငါက.....
မင်းညိုညင်တာကို ကြောက်တတ်ခဲ့တာ
ငါမှားသွားသလား..???ချစ်သူ........
ဘယ်အချိန်ပဲ  ဖြစ်ဖြစ်...
 မင်းနဲ့ပါတ်သတ်ရင် အရောင်မဆိုးပဲ
ရိုးသားဖြူစင်ချင်တဲ့ ငါ့ကိုငါမုန်းတယ်
ခွင့်လွတ်ပေးနိုင်အောင် နာလည်ပေးနိုင်အောင်
ကြိုးစားနေတဲ့ငါက မလွမ်းတတ်အောင်.
မကြိုးစားခဲ့တာကိုလည်း မုန်းတယ်...
ကျေးဇူးတင်ပါတယ်..ချစ်သူ...
တစ်ဘဝလုံး မပေါင်းစည်ရပေမဲ့
တခဏတာ ချစ်ခွင့်ပေခဲ့လို့လေ.
နောက်တော့လည်း နေတတ်သွားမှာပါ
ဆိုတဲ့စကားကို ဘယ်လိုအင်အားနဲ့
ပြောရမှာလည်း  ချစ်သူ.....
မချစ်တတ်တဲ့ နင်က.အရမ်းနှစ်သက်ခဲ့တဲင့ါကို
လွမ်းတတ်အောင် သင်ပေးသွားတာ ကျေးဇူးပါ......



                                                                          အဏၰဝါ(သခ်ာၤ-ျပြန္တန္ဆာ) 
 ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!
                                                                အိမ်လွမ်းသူ...
 

2 Response to "အမုန်းဆုံး ငါ့စိတ်ဓါတ်.."

April 4, 2012 at 8:24 PM

ကဗျာလေးတစ်ကယ်ကောင်းတယ်.. ခံစားချက်ကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်တယ်. :D

April 4, 2012 at 8:30 PM

ကဗျာလေးကထိတယ် လွမ်းနေတာနဲ့အတော်ပဲ
ပိုလွမ်းသွားမိတယ်။။

Post a Comment

ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!