--
5

         ကျွန်တော် ဒီတစ်ခါ သူငယ်ချင်းတို့ အတွက် "လေားကနီတိ" လေးတင်ပေးလိုက်ပါတယ်...!ရောက်လာသော သူငယ်ချင်းတို့လည်း ဗဟုသုတလေး ရစေချင်တဲ့ ဆန္ဒနှင့်ပါ...! ဖတ်သင့် မှတ်ထိုက်တဲ့ စာကောင်းလေးတွေပါ....!

               သူတော်ကောင်းတို့နှင့် သာလျှင်ပေါင်းဖတ်ရာ၏..။ သူတော်ကောင်းတို့နှင့် ပေါင်းဖတ်ခြင်းကို ပြုရာ၏...။သူတော်ကောင်းတို့၏ တရားကိုသိ၍ မြတ်သည်ဖြစ်၏...။ ယုတ်မာသည် မဖြစ်...။
             Associate with good mean; form friendship with them. Knowing the law from the good mean is being noble, not mean.
ရှင်းချက်။    ။သူတော်ကောင်းသည် ရိုးသားဖြောင့်မတ်တော်မှန်သည်...။ အကုသိုလ်ကို ရှောင်ကြဉ်ပေသည်...။ သူတော်ကောင်းတို့နှင့် ပေါင်းသင်း၍ သူတော်ကောင်းတရားကို ကြားနာသိမှတ်ခြင်းသည် မြတ်၏...။ မယုတ်ပေ...။
Explanation ။       ။ A good and virtuous person is honest and right. He avoids ill deeds. Associate with good mean and learn from them the law (Dhamma). Such knowledge is sacred, not debased.


          သူယုတ်တို့နှင့်ပေါင်းသင်းခြင်းကို စွန့်လော့..။ပေါင်းဖတ်အပ်သော သူတော်ကောင်းသို့ ဆည်းကပ်လော့...။ နေ့စဉ်ပတ်လုံး ကောင်းမှု့ကို ပြုလော့ သင်္ခါရတရားတို့၏ မမြဲသောအဖြစ်ကို အမြဲအောက်မေ့လော့...။
            Abandon the association with the wicked. Approach the good man who is worthy of association. Do go deeds everyday. Ponder always upon the law of impermanence.

ရှင်းချက်။      ။သူတော်ကောင်းကို ပေါင်း၊ သူယုတ်မာကိုရှောင်။ ကုသိုကောင်းမှု့ကို နေ့စဉ်မပြတ်ပြုလုပ်၊ မမြဲသော အဖြစ်ကို ဖော်ပြသော သင်္ခါရတရားကို ဆင်ခြင်သုံးသပ်လော့...။
Explanation ။     ။ Go along with the virtuous; shun the wicked. Do good deeds continuously everyday. Study always the impermanence of all things.
                                                                           လေားကနီတိမှကောက်နှုတ်တင်ပြသည်...!

ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!

5 Response to 003 လောကနီတိ သတိရှိ အကျိုးများစွာ ရပါ၏...!

May 15, 2012 at 2:18 PM

မှက်သားသွားပါတယ် ညီရေ

May 15, 2012 at 3:31 PM

မှတ်သားသွားပါတယ်၊ ကိုအောင်အောင်ရေ

May 15, 2012 at 7:29 PM

ဖတ်ခဲ့ပါတယ် ကျေးဇူးတင်ပါတယ်..

May 15, 2012 at 9:49 PM

လောကနီတိပြန်ဖတ်ရတာ ကျေးဇူးတင်တယ် သယ်ရင်း....

May 16, 2012 at 6:27 PM

ကျေးဇူးပါဗျာ အခုလို စုစည်းတင်ပေးတဲ့အတွက်....
မှတ်သားသွားပါတယ် အကိုရေ...:)))

Post a Comment

ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!