--
0

ပန်းလေးရယ်…
မင်းဘ၀လေးဟာ
တကယ်တော့ အပြစ်ကင်းစင်လှပါတယ်….။
ဖြူစင်တဲ့ မင်းဘ၀လေးကို
အရောင်တွေ မဆိုးလိုက်ပါနှင့်
သဘာဝက မင်းကို
လှပခြင်းတွေ အခိုက်တန့်ပေးခဲ့တယ်…။
အခိုက်အတန့်လေးမှာပဲ
သဘာဝကဘဲ မင်းဘ၀လေးကို
ဖျတ်ဆီးပေးပြစ်တယ်..။
ဒါဟာ…လောကဓံလားကွာ
ပန်းလေးရယ်…။
တစ်နေ့ကြရင် ကြွေမှာဆိုတာသိနေပေမဲ့
ကိုတစ်ယောက် မခြွေရက်ပါဘူး
ပန်းလေးရယ်…။



                                  အောင်အောင် (2:15 am…Sunday/December/04/2011)


                                    လေးစားလျှက်…..အိမ်လွမ်းသူ

No Response to "ပန်းလေးရယ်..."

Post a Comment

ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!