--
2


               


          တိုက်ဆိုင်မှု့တွေ ရှိသူတိုင်း ခံစားသွားပါ...အခုလို ဝေးနေရတဲ့ အချိန်မှာ လူတိုင်းလူတိုင်း ရင်ထဲမှာလွမ်းဆွတ်
ခြင်းတွေ တမ်းတခြင်းတွေနဲ့ပြည့်နှပ်နေမှာပါ...!တကယ်ပါ ဝေးနေရတဲ့ အချိန်လေးမှာ ကိုယ်ငိုနေတာ မင်းတစ်ယောက်သိစေချင်လိုက်တာ...။ကိုယ့်ရဲ့ ညစဉ်မတ်တဲ့ အိပ်မတ်ထဲမှာ မင်းတစ်ယောက်သာ အမြဲတမ်းရောက်လာတာပါ..။ကိုယ်ရဲ့ရင်ခွင်လေးဟာမင်းအတွက်တော့ အမြဲတမ်း အနွေးဓါတ်တွေ ပေးနိုင်ပါတယ် အချစ်ရယ်..။တကယ်ပါ မျှော်လင့်ခြင်းတွေဆိုတဲ့ အရာကို ငါအရမ်းမုန်းသွားပြီ..။အခုလို မင်းနဲ့ခွဲခွာရတဲ့ အချိန်တွေ ကို အမြန်ဆုံး ကုန်ပါစေလို့ ငါ အမြဲတမ်းဆုတွေတောင်း နေမိတယ် အချစ်ရယ်...။ဟိုအရင်တုန်းက မင်းနဲ့အတူ ရှိခဲ့တဲ့အချိန်လေးတွေကို ပြန်တမ်းတနေမိတယ် အချစ်ရယ်..။နောင် အချိန်မှာ ကိုတို့နှစ်ယောက်ရဲ့ဘဝမှာ ခွဲခွာခြင်းဆိုတာ မရှိပါရစေတော့ဘူးလို့  ကတိတွေပေးပါတယ် အချစ်ရယ်...။မင်းနဲ့ဆုံခဲ့ရတဲ့ နေ့တွေဟာ ကိုအတွက် အရမ်းကိုနည်းလှပါတယ် အချစ်ရယ်...။ကိုတို့နှစ်ယောက် ဆုံခဲ့တဲ့ ဒီဇင်ဘာညလေးဟာ မကြာခင် မှာ အေးမြတဲ့ ဆောင်းလေပြေလေညှင်းလေးတွေနှင့်အတူ  ပြီးဆုံးတော့မယ် အချစ်ရယ်...။နှုတ်ဆတ်ခဲ့ပါတယ် ဒီဇင်ဘာရယ်...။လင်းနစ်ရဲ့ သီချင်းလေးတွေ ဆိုရင်နဲ့ပေါ့....။


အားလုံးပျော်ရွှင်မှု့အပေါင်းနှင့်ပြည့်စုံပါစေ....!




                                                            အောင်အောင်
EainLwannThu*



2 Response to OH! DECEMBER....!

January 1, 2012 at 7:58 AM

လွမ်းအောင် လာဆွနေပါလား...
ပျော်စရာနှစ်သစ်ဖြစ်ပါစေ အောင်အောင်ရေ.. :D :D

January 2, 2012 at 5:22 PM

ကိုအောင်အောင်ရေ...တကယ်goodတယ်ဗျာ....

Post a Comment

ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!