ကျွန်တော် "ဘ၀ရဲ့အမှတ်တရနေ့စွဲများ (Tag)..." ပို့စ်လေးကို ဘယ်ကနေဘယ်လိုစရေးရမှန်းတောင်မသိဘူး...။ဘလော့ဂါ "သမီးစံ..." က အမှတ်တရ တဂ်ထားတော့ မရေးတက်ရေးတက်နဲ့ ရေးလိုက်ပါတယ်...။စာရေးတာ အဆက်ဆတ် မရှိရင်လည်း သီးခံပြီးတော့ ဖတ်ပေးသွားပါလို့ ပြေားပါရစေ...။
ကျွန်တော့်ဘဝရဲ့ အမှတ်တရလေး စတာကတော့ အောင်အောင် ကျောင်းစနေတဲ့ အရွယ်ကပေါ့ ဖေဖေနှင့်မေမေ ကိုစပြီးခွဲရတဲ့အချိန်လေးပါ...။အဲဒီအချိန်မှာ ကျွန်တော့် အသက်က 4နှစ်ပဲရှိသေးတယ်...။ အောင်အောင် ရင်ထဲမှာ အရမ်းကို ဖော်မပြနိုင်အောင် ခံစားရပါတယ်...။
ဘာလို့လည်းဆိုတော့ ဖေဖေနှင့်မေမေ ကနေပြည်တော်မှာနေတာပါ...။အောင်အောင် ကိုယ်အဘိုး၊အဘွားတွေရှိတဲ့ တောင်သာမြို့မှာ ကျောင်းတက်ခိုင်းပါတယ်...။ကျွန်တော့်ရင်ထဲမှာ အသက်ငယ်ငယ်လေးနဲ့ မိဘတွေနှင့် ခွဲရတော့ အရမ်းကို ခံစားရပါတယ်..။အဲဒီနေ့လေးကို အခုချိန်ထိတွေးမိတိုင်း အရမ်းကိုခံစားရတဲ့ အမှတ်တရနေ့လေးပါ..။
ကျွန်တော်ကျောင်းစနေလို့ သူငယ်တန်းကျောင်းသားလေးဘဝမှာ အခုချိန်ထိ မေ့လို့မရတာလေးကတော့ ဆရာမက ကကြီး၊ခခွေးရေးခိုင်းပါတယ်...။အဲဒီအထဲမှာ ကျွန်တော် ဘယ်လိုမှကြိုးစားပြီးရေးလို့မရတာက "တသံလင်းချိတ်" ဆိုတဲ့ အက္ခရာလေးပါပဲ..။ဘယ်လိုရေးရေး အဆင်မပြေဘူးဗျာ...!ဒါ'ကြောင့်ဆရာမက ကျွန်တော့်ကို မုန့်စားကျောင်းပေးမသွားဘူးဗျာ...။အဲဒီအချိန်က ဆရာမကို အရမ်းစိတ်ဆိုးတယ် နောင်အချိန်ကျမှ ဆရာရဲ့ကျေးဇူးကိုနားလည်လာတယ် အရမ်းကိုကျေးဇူးတင်မိတယ်..။"ဋ ..."ဒီအက္ခရာလေးကိုမြင်တိုင်း ဆရာရဲ့ ဂုဏ်ကျေးဇူးတွေကို အမြဲတမ်း သတိရနေတဲ့ အမှတ်တရလေးပါပဲ..။
1996.. ခုနှစ်ကျွန်တော် 5 တန်းကျောင်းသား ဘဝက ကျောင်းမှာဘေားလုံးလက်ရွေစင်လေးပါ(ကြုံတုန်းကြွားတာနော်..) အကန်ကောင်းလို့ လက်ကြိုး ခဲ့ရတယ်...။ အောင်အောင်လက်လေးက နည်းနည်းလေးကောက်သွားတယ်...။ယခုအချိန်ထိ လက်လေးကို ကြည့်တိုင်း အဲ့ဒီနေ့ကို ဘယ်တော့မှ မေ့မရတဲ့ အမှတ်တရလေးပါဘဲ...။
အောင်အောင် ကျောင်းသားဘဝမှာ အတူတွဲလာတဲ့ သူငယ်ချင်း တစ်ယာက်ရှိတယ်..။ရယ်စရာလေး ပြေားပြမယ် မှတ်မှတ်ရရ 7 တန်းနှစ်က အပတ်စဉ်စာမေးပွဲဖြေတယ်...။တစ်ပါတ်လောက်ကြာတော့ မြန်မာစာ ဆရာမက သူ့ဘာသာမှာ ဘယ်သူတွေ ဘယ်လိုဖြေတယ်ဆိုတာ ပြေားပြပါတယ်...။ဆရာမပြေားပြတော့မှာသိတော့ အောင်အောင်တို့ 2 ယောက် နေစရာနေရာမရှိတော့ဘူး...။ဘာလို့လည်းဆိုတော့...
သူငယ်ချင်းရေးထားတာက မြန်မာ
သဒ္ဒါမှာ..." ကြိယာ ဆိုသော ပုဒ်ကိုဖြေဆိုပါ..."မေးခွန်းမှာ သူဖြေပုံက..."ကား ကိရိယာ၊ရထား ကိရိယာနှင့်ဆိုင်ကယ် ကိရိယာ တို့ဖြစ်ပါသည်တဲ့"...။ကျွန်တော်က "နာမ်းစား ဆိုသည်မှာ အဘယ်နည်း...မေးခွန်းမှာ ဖြေထားတာက "ဓညင်း သီး စားတဲ့ သူကို နာမ်းစားဟုခေါ်သည်..."လိုဖြေထားတယ်...။ ဆရာမက ကျွန်တော်တို့ နှစ်ယောက်ကို အတန်းရှေ့မှာ ခေါ်ပြီးရိုတ်တယ်...။နောက်ပြီးတစ်ကျောင်းလုံးလည်း နာမည်ကိုကြီးသွားတာပဲ..။ယခုအချိန်ထိ ကျောင်းမှာမြန်မာ သဒ္ဒါသင်ရင် ပြေားနေဆဲ ကျွန်တော်တို့ အကြောင်းတွေ..။ယခုအချိန်ထိ ကျောင်းမှ ဘော်ဒါတွေနဲ့တွေ့တိုင်း ပြန်ပြေားဖြစ်တဲ့ ဘဝရဲ့အမှတ်တရအကြောင်းလေးပါပဲ...။(မှတ်ချက်။ ။ကျောင်းအမြဲတမ်းလစ်တဲ့သူပါ)
ဒီလိုနဲ့ 10 တန်းကျောင်းသားဘဝမှာ ဆရာဆုံးမခဲ့တဲ့ စကားလေးတွေ ရှိခဲ့တယ်...။ ဆရာပြေားတာက......
"မင်းဘယ်အရာမဆို ကောင်းတာရေား မကောင်းတာရေား အကုန်လုပ်ကြည့်ပါ မင်းစိတ်ထဲမှာ မကောင်းဘူးထင်ရင် ဘယ်တော့မှ မလုပ်ပါနဲ့
သူများပြေားမှ သိတာထက် ကိုယ့်ကိုသိအောင်ကြိုးစားပါ ကိုယ့်ကိုသိတဲ့ အရာဟာ ဘယ်တော့မှပျောက်ပျက်သွားမှာ မဟုတ်ပါဘူး..."
"အရာရာကို မလုပ်ခင်ထဲက ကြိုတင်ပြီးစဉ်းစားပါ ၊ တွေးတေားထားပါ ၊ချင့်ချိန်ပါ ၊
ဖြစ်သွားပြီးမှ ဒါ့ကြောင့်လို့ဆိုတာကို မဖြစ်စေလိုပါ.."
"အရာရာကို ဆုံးဖြတ်ချက် ချတော့မယ်ဆိုရင်
ရှု့ထောင့်မျိုးစုံမှ ကြည့်ပြီး ဆုံးဖြတ်ပါ..."
ဒီစကားလေးတွေဟာ ကျွန်တော့် အတွက် ဘယ်လိုမှမေ့လို့မရတဲ့ ဘဝရဲ့ အမှတ်တရလေးတွေပါပဲ...။
2001-2002 မှာ အောင်အောင် က10တန်းစာမေးပွဲ ဖြေတယ်...။ဖေဖေနှင့်မေမေကပြေားတယ် 10တန်းစာမေးပွဲအောင်ရင် လိုချင်တာဝယ်ပေးမယ်လို့ပြေားတယ်...။ အောင်စာရင်းထွက်လာတော့ ကျွန်တော် 10တန်းကို အောင်တယ် ပျော်လိုက်တာအရမ်းပဲ ဘာလို့လည်းဆိုတော့ လိုချင်တာလည်းရမယ် 10တန်းဆိုတဲ့ စာမေးပွဲကြီးကို အောင်မြင်သွားလို့ပေါ့...။အဲဒီနေ့က ဖေဖေနှင့်မေမေရဲ့ အပြုံးလေးကိုဒီနေ့ထိမေ့လို့ မရပါဘူး...။နောက်ပြီးကျွန်တော် လိုချင်တဲ့ ဆိုင်ကယ်လေးကိုလည်း ဝယ်ပေးခဲ့တယ်...။ပျော်လိုက်တာအရမ်းပဲ ကျွန်တော့်အတွက်တော့ ဘယ်လိုမှမေ့မရတဲ့ `ဘဝရဲ့အမှတ်တရနေ့လေးတွေပါပဲ...။
|
သူလေးပါပဲ.... |
10တန်းအောင်ပြီးလို့ တစ်နှစ်သော"သင်္ကြန်းမှာ..." ကျွန်တော့်ဘဝရဲ့အလင်းရောင်လေးကို စတွေ့ခဲ့ပါတယ်...။သူ့ဆီကချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကိုကြားရဖို့ ကျွန်တော့်မှာအချိန်တွေအများကြီးပေးဆပ်ခဲ့ရပါတယ်...။ဒါပေမဲ့ ကျွန်တော် ကျေနပ်မိပါတယ်...။
2005 ရဲ့တစ်နေ့သော အချိန်လေးကို ဘယ်သောအခါမှ မေ့လို့ရမှာမှာ မဟုတ်ပါဘူး...။သူ့ဆီက ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကို ကြားရလို့ပါပဲ...။ကျွန်တော့်အတွက်တော့ ဘယ်လိုမှမေ့လို့ မရတဲ့ ဘဝရဲ့အမှတ်တရလေးပါပဲ...။ (လူတိုင်းကိုချစ်တဲ့သူဆီက ချစ်တယ်ဆိုတဲ့ စကားလေးကို ကြားရတဲ့ နေ့ကိုဘယ်လိုမှမေ့လို့ရမှာ မဟုတ်ပါဘူးနော်...)
15.6.2005 နေ့သူနှင့်ချစ်သူဖြစ်ပြီး 1လရှိတော့ ကျွန်တော် မလေးရှားကိုထွက်ခဲ့တယ်...။သူငိုလိုက်တာ အနော့်စိတ်တွေလည်း အရမ်းကိုခံစားခံရတယ်...။ချစ်သူကိုထားခဲ့ပြီး အဝေးကိုထွက်လာရတဲ့နေ့ ကျွန်တော့်အတွက်တော့ ဘဝရဲ့အမှတ်တရနေ့လေးပါပဲ...။
ကျွန်တော် 5.5.2008 နေ့မှာ မလေးကနေ ပြန်လာတယ်...။ကျွန်တော်ပြန်လာတော့ ချစ်သူရဲ့အပြုံးလေးကိုမြင်လိုက်ရတဲ့ အချိန်မှာ ရင်ထဲမှာ ပြေားမပြတက်အောင်ကို ခံစားခဲ့ရတယ်...။အဲဒီနေ့က သူပြေားလိုက်တဲ့ စကားလေး...
"ကိုကိုရယ် အရမ်းလွမ်းတာပဲ...သဲလေ ကိုကို ကိုယ် ရင်ထဲကနေပြီးလှိုက်နေအောင် ချစ်တယ်တဲ့..."
ကျွန်တော့်ရဲ့ အမှတ်တရ နေ့လေးပါ..။
13.8.2010
ကျွန်တော်ဒုတိရအကြိမ် ချစ်သူကိုထားပြီး အဝေး(ဒူဘိုင်း..)ကိုထွက်လာပြန်ပြီ..။သူငိုပြီး ကျွန်တော့် ကိုပြေားတယ် နောက်တစ်ခါ သူကိုထားခဲ့ပြီး ဘယ်မှမသွားစေချင်တော့ဘူးတဲ့..။သူ့ရင်ထဲမှာ အရမ်းကိုခံစားနေရတယ်လို့ပြေားတယ်...။ကျွန်တော့်ဘဝမှာ ခွဲခွာခြင်းတွေနဲ့ တည်ဆောက်ထားသလို ဖြစ်နေတယ်..။ဘယ်တော့မှ လွတ်မြှောက်မှာလည်း မသိဘူးဗျာ..။
နောက်ထပ်ဘဝရဲ့အမှတ်တရတွေ ဘယ်လိုတွေ့ကြုံရမလည်းဆိုတာတွေးတေားရင်းဖြင့်...။
ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ......!
အောင်အောင် EainLwannThu
2 Response to ဘ၀ရဲ့အမှတ်တရနေ့စွဲများ (Tag)...!
ညီလေး အောင်အောင်ရေ...
ကိုယ့်ညီရဲ့ ဘလော့လေးထဲ မှာလိုချင်တာလေးလည်းရှာရင်
လိုက်လေ့လာရင်း ဒီပို့စ်လေးကို ဖတ်လိုက်ရလို့ အောင်အောင်
ရဲ့ဘ၀တစိပ်တဒေသကိုသိခွင့်ရလိုက်ပါတယ်... နောက်ကတခု
က အောင်အောင်လည်း အကိုတို့ လို့ အိမ်နဲ့ခွဲခွာနေရတဲ့ အိမ်လွမ်း
သူယောက်ဆိုတာ နားလည်မိပါတယ်... ကိုယ့်ညီရဲ့ ရင်ထဲကို အကို
လှမ်းမြင်မိပါတယ်...အမြန်ဆုံးနွေးထွေးလုံခြုံတဲ့ မိသားစုရင်ခွင်မှာ
နားခိုနိုင်ပါစေလို့ အကိုဆုတောင်ပေးပါတယ် ညီ...
ခင်မင်စွာဖြင့်
ရာဇာထွေး
အမြန်ဆုံး ချစ်သောမိသားစုနဲ့ ချစ်ရသောသူနဲ့အတူပျော်ရွှင်စွာနေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်.............ကောင်းတဲ့အရာအားလုံးပိုင်ဆိုင်နိုင်ပါစေ..............
Post a Comment
ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!