--
6

"အောင်အောင်..." software တွေပဲတင်နေတော့ ရောက်လာတဲ့ သူငယ်ချင်းတွေ ပျင်းနေပြီထင်တယ်...!အင်တာနက် သုံးပြီဆိုတာနဲ့ အချိန်တွေကို အလကားမကုန်စေချင်ဘူး...!ကိုယ့်အတွက် ဗဟုသုတပဲဖြစ်စေ နည်းပညာပဲဖြစ်စေ တစ်ခုခုရသွားစေချင်တဲ့ ဆန္ဒနှင့်ပါ...!ကိုယ့်ရဲ့ ဥာဏ်စွမ်းရှိသလောက်၊လက်လှမ်းမှီသလောက် သူငယ်ချင်းတွေလည်း သိစေချင်တဲ့ ဆန္ဒဖြင့် ရောက်လာသော သူငယ်ချင်းတွေ အတွက်ဗဟုသုတရစေတဲ့ လောကနီတိ လေးတွေကို မျှဝေတင်ပေးလိုက်ပါတယ်...!


            အတက်နှင့်တူသော ဥစ္စာသည်မရှိ။အတက်ကို ခိုးသူတို့ မယူနိုင်ကုန်။ ဤလောက၌အတက်သည်ကား အဆွေခင်ပွန်းဖြစ်၏။တမလွန်ဘဝ၌ ချမ်းသာကို ဆောင်တက်၏။
           There is nothing equal to learning.Thieves cannot steal learning.In this world,learning is a friend and meat.It carries happiness to the next life.
ရှင်းချက်။     ။လူ့ဘဝ၌ အတက်ပညာသည် အရေးပါဆုံး ဖြစ်သည်။အတက်ပညာရှိလျှင် ယခုဘဝ၊နောင်ဘဝတို့မှာ ချမ်းသာခြင်းကို ရနိုင်ပေမည်။
Explanation ။     ။In human life learning is most important.If one has learning,one can get happiness in this life as well as in the after-life. 

                                                         
            အကြားအမြင် ပညာကို နည်း၏ဟူ၍ မအောက်မေ့ရာ။မိမိစိတ်ထဲ သွင်းထားရာ၏။တောင်ပို့၌  ရေပေါက်သည် ကျဖန်များစွာ ကြာရှည်သဖြင့် ပြည့်သကဲ့သို့တည်း။
        Do not think general knowledge.You should store it in you mind. The anthill well be full after drops of water fall on it for a long time.
ရှင်းချက်။    ။ဗဟုသုတကို အထင်မသေးပါနှင့်။မိမိ စိတ်ထဲတွင် ရသမျှဗဟုသုတကို သိမ်းဆည်းထားပါ။ခြတောင်ပို့ပေါ်မှာ ရေပေါက်များစွာကြာရှည်ကျလျှင် ထိုတောင်ပို့သည် ရေပြည့်သွားပေလိမ့်မည်။
Explanation ။     ။Do not despise general knowledge.You should acquire it.You mind well be full of knowledge gradually just as an anthill is full after drops of water falling on it for long.


                                               လေားကနီတိမှကောက်နှုတ်တင်ပြသည်...!
ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!


                                                                               အိမ်လွမ်းသူ...

6 Response to 002 လောကနီတိ သတိရှိ အကျိုးများစွာ ရပါ၏...!

April 3, 2012 at 1:05 PM

မှတ်သားစရာများကို မှတ်သားသွားပါ၏
အချိန်ပေးပြီး တင်ပေးတဲ့အတွက်
ကျေးဇူးပါဗျာ

April 3, 2012 at 2:44 PM

မှတ်သားသင့်တဲ့ လောကနီတိ အချို့ကို လာရောက်မှတ်သားသွားပါကြောင်း
(P.S. ဒီနေ့လည်း နာ့ကို စက်ရုပ်ဟုတ်မဟုတ် စာလုံးတွေ အများကြီး ရိုက်ခိုင်းပြီး စမ်းသပ်ဦးမယ်ထင်တယ်.:P)

April 3, 2012 at 3:56 PM

ဟုတ်ကဲ့ပါ မှတ်ထားလိုက်ပါမယ်ရှင့်

April 3, 2012 at 5:37 PM

ဖတ်သွားတယ်ဟေ့.....အတက်ပညာဖြစ်နေတယ်သယ်ရင်း ....စာလုံးပေါင်းလေး
ပြင်လိုက်ပါဦး ခေါင်းစဉ်ကြီးမှာဆိုတော့ ကြည့်ရဆိုးလို့ပါ.....အောက်မှာလည်းပြင်ဦးနော်...စေတနာဖြင့်...

April 3, 2012 at 9:10 PM

ညီလေးရေ...
လောကနီတိလေးတွေကို သေချာဖတ်သွားပါတယ် ညီလေးရေ...
အခုလိုတင်ပြပေးလို့ ကျေးဇူးတင်ပါတယ် ညီလေးရေ...

ခင်မင်စွာဖြင့်
ရာဇာထွေး

April 3, 2012 at 9:40 PM

ဟုတ်ကဲ့ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်..

Post a Comment

ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!