--
9

Photobucket

                                         ဗုဒ္ဓဘုရားရှင်အား လက်ဆယ်ဖြာ ထိပ်မှာမိုး၍  ရိုသေစွာရှိခိုးပါ၏...။


           အဝေးမှ ဖေဖေ၊မေမေ၊ကျွန်တော်၏ ချစ်သူနှင့် သူငယ်ချင်းများကျေးဇူးတင်ထိုက်သော ကျေးဇူးရှင်အားလုံး နှင့် လာရောက် အားပေးကျသော ဘလော့သူငယ်ချင်းများ ကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်း များဖြင့်ပြည့်စုံ၍ ပျော်ရွှင်ခြင်းများ ထာဝရပိုင်ဆိုင်ပြီး အလွမ်းများနှင့် ထာဝရကင်းဝေးပါစေ၊ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကျန်းမာချမ်းသာပါစေ...!နှစ်သစ်မှအတည် စိတ်မလျော့ပဲ ကိုယ်ယုံကြည်ရာ ပန်းတိုင်းကို  အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်...!

ဘုရားပုံနှင့်ပိတောက်ပန်းအား google မှယူထားပါသည်..!

ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!


                                                         အောင်အောင် EAINLWANNTHU...

                                                                           

9 Response to နှစ်သစ်ဆုတောင်း...

April 11, 2012 at 8:36 PM

သူငယ်ချင်းလည်း အားလုံးအတွက် ဆုတောင်းပေးထားတဲ့အတိုင်း တစ်ထပ်တည်း ပြန်ရနိုင်ပါစေလို့ ပြန်ဆုတောင်းပေးပါတယ်. :)

April 11, 2012 at 10:43 PM

အောင်အောင်ရေ ပေးတဲ့ဆုနဲ့လည်း ပြည့်ပါစေကွာ.....မင်းလည်း တောင်းတဲ့ဆုတွေ ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်.....

April 12, 2012 at 12:40 AM

နှစ်သစ်မှာအားသူငယ်ချင်းများအားလုံးလိုအင်ဆန္ဒတွေပြည့်ပါစေ
မုန့်လုံးရေပေါ်နည်း ကောက်ညှင် ၃ စ ဆန် ၁ စ ဆားနဲနဲထည့်နယ်ပါ
လုံးလို့အနေတော်လောက်အထိနယ်ပေးပါ..
အနေတော်အလုံးလေးများလုပ်ပြီထန်လျက်သေးသေးလေးတွေတုံးပြီထည့်ပါ
ရေနွေးအိုဆူအောင်လုပ်ထားပါ ဆူလာရင် မုန့်လုံးလေတွေထည့်ပါ.
ပြန်ပေါ်လာရင် ရေအေးထဲထပ်ထည့်ပြီဆယ်ယူပြီစားလို့ ရပါပြီ
အုန်းသီးလေးတော့မမေ့နဲ့နော် အမအုန်းသီးမရလို့ မလုပ်ဖြစ်သေးဘူး
လုပ်ဖြစ်ရင်တင်ပေးပါအုံးမယ်..
အဆင်ပြေပါစေ..

April 12, 2012 at 1:33 AM

အကိုလည်းနှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေဗျာ...:)

April 12, 2012 at 2:48 AM

ပေးတဲ့ဆုနဲ့ ပြည့် ပါစေ

April 12, 2012 at 12:52 PM

ပေးတဲ့ဆုနဲ့ ပြည်ပါစေ အစ်ကို
အစ်ကိုလည်း တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ

April 12, 2012 at 5:02 PM

ဆုတောင်းလေးလာဖတ်သွားတယ် ညီလေးရေ...
ပေးတဲ့ ဆုတွေနဲ့ ပြည့်စုံ ပါစေ ညီလေးရေ...
နှစ်သစ် ကူး ဆုမွန်ကောင်းတောင်းပေးတဲ့ ညီလေး
အောင်အောင် လည်း
အတာရေလို အေးချမ်းပါစေ....
ပိတောက်တွေလို လန်းဆန်း မွေးကြိုင် ပါစေ....
ငုဝါပန်းတွေ လို လှပ၀င်းထိန် နိုင်ပါစေ....
လို့ ဆုတောင်းပေးပါတယ် ညီလေးရေ...

ခင်မင်စွာဖြင့်
ရာဇာထွေး

April 12, 2012 at 5:04 PM

ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ

April 12, 2012 at 6:40 PM

နာ့သယ်ရင်း ပေးတဲ့ဆုနဲ့ ပြည့်ပါစေ :D

Post a Comment

ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!