--
6

                        အမိမြေနှင့်ဝေးနေပေမဲ့ ဒီအချိန်ရောက်ရင် မြန်မာလူမျိုးများရဲ့စိတ်ထဲမှာ ဘယ်လိုမှ ဖုံးဖိလို့ မရနိုင်တာကတော့ နှစ်ကူးတဲ့ သင်္ကြန်ကာလလေးပါပဲ...!တူးပို့တူးပို့ ဆိုတဲ့အသံကြားရင် ဘယ်လိုမှ စိတ်တွေ ထိန်းလို့မရတော့ဘူး...!ဘယ်နေရာ ဘယ်ဒေသတွေပဲရောက်ရောက် မြန်မာတိုင်းဟာ သင်္ကြန်ပွဲလေးကို ဖြစ်မြှောက်အောင်ဆင်နွှဲ ကြစမြဲပါ...!UAE နိုင်ငံရောက်ရွှေမြန်မာတွေကလည်း ကိုယ်နေရာ၊ကိုယ့်ပတ်ဝန်းကျင်လေးမှာ သင်္ကြန်ပွဲလေးတွေကို ပြုလုပ်ကြပါတယ်...! သင်္ကြန် အကြတ်နေ့  JUMEIRAH BEACH PARK မှာကျင်းပတဲ့ သင်္ကြန်ပွဲလေးဆိုရင် အရမ်းကိုပျော်စရာကောင်ပါတယ်...!ဒီပွဲလေးကိုဖြစ်မြှောက်အောင် စိတ်ကူးကောင်းလေးဖြင့် အကောင်ထည်ဖော်သူတွေကတော့ ကိုကျော်ကျော်ဝေ ၊ကိုကျော်ကျော်ထိုက်၊ ကိုလင်း၊ ကိုကြည်လွင်ဦး၊ ကိုပြေငြိမ်း၊ ကိုကျော်ထွန်း၊ မသန္တာ၊ မထက်ထက်နှင့်သူငယ်ချင်းအပေါင်းတို့ ဖြစ်ပါတယ်...!

ကြွေးမွေးတဲ့နေရာမှာလည်း လာရောက်တဲ့လူတွေကို တမျိုးပြီးတမျိုး မရိုးနိုင်အောင်ပါပဲ...!ဒီပွဲလေးဟာဆိုရင်ဖြင့် သင်္ကြန်ပွဲထက် အလှူပွဲလေးဆိုရင်လည်း မမှားပါဘူး...!လာရောက်ကျတဲ့ လူတွေကလည်း ကျွန်တော့်အထင် လူပေါင်3း00ထက်မနည်းဘူလို့ ခန့်မှန်းမိတယ်...!အရမ်းကို ပျော်စရာကောင်းတဲ့ ပွဲလေးပါပဲ...!အစားသောက်တွေကလည်း ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ ဆီထမင်း+ငါးခြောက်ကြော်၊ မုန့်လုံးရေပေါ်နှင့်ငှက်ပျေားသီးဆနွင်းမကင်း တို့ဖြစ်ပါတယ်...!အိမ်း...ကျွန်တော်လေများမနေတော့ပါဘူး...!ဓါတ်ပုံတွေသာ ခံစားကြည့်ပေတော့...














































































                                        







ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!


အောင်အောင်(အိမ်လွမ်းသူ...)


6 Response to UAE နိုင်ငံရောက်မြန်မာများ၏ 2012 သင်္ကြန်ပုံရိပ်များ...!

April 18, 2012 at 11:41 PM

မိုက်တယ်.. အဝေးရောက်နေပေမယ့် သင်္ကြန်ကို ကိုယ့်မြန်မာလူမျိုးတွေနဲ့အတူတူ ပျော်ခွင့်တော့ ရခဲ့တာပဲနော် ကောင်းလိုက်တာ :)

April 19, 2012 at 12:54 AM

မင်းသားကဘယ်သူလည်းကွယ် :D
ဘယ်နိုင်ငံေ၇ာက်ရောက် ကိုယ်ရိုးရာတော့ပျော်ကြတာပါပဲကွယ်

April 19, 2012 at 7:04 AM

ပျော်ဖို့ကောင်းမှာပါ...အားလုံးက အပျော်မျက်နှာလေးတွေနဲ့
မုန့်နဲနဲတွေ့တယ် နဲနဲယူစားသွားတယ် ဟိ
အောင်အောင်တစ်ယောက်ပျော်ရွှင်ပါစေ

April 19, 2012 at 12:06 PM

ပျော်ရွှင်စရာကောင်းတဲ့ပုံလေးတွေကိုပဲ
စည်စည်ကားကားလုပ်ကြတယ်နော်------
မြန်မာသင်္ကြန်ကပုံတွေ ကြည့်ရတာထက်စိတ်ချမ်းသာတယ်

tko
April 20, 2012 at 8:19 AM

goood

mayhnin05
April 23, 2012 at 3:37 PM

အခုလိုမြန်ပြည်ရဲ့အဝေးတစ်နေရာမှာသင်္ကြန်ပွဲတော်ကိုစည်စည်ကားကားနဲ့မြန်မာပီသစွာကျင်းပနေတဲ့ပုံရိပ်လေးတွေမြင်ရတာတကယ်ကိုကြည်နူးမိပါတယ်မြန်ပြည်ကသက်ြန်ပွဲတော်ကတော့မူးရူးသရုပ်ပျက်ပွဲဖြစ်နေပြီလေနောင်နှစ်တွေမှာလဲဒီထက်စည်ကားအောင်ကျင်းပနိုင်ပါစေ

Post a Comment

ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!