--
4

"ကဗျာ မဟုတ်ပါ ဒီနေ့အလုပ်နားရက် ချစ်သူကို သတိရလို့ အလွမ်းပြေ ရေးလိုက်တာ လာရောက်ဖတ်ပေးသွားတာ ကျေးဇူးအထူးတင်ပါတယ်...
သူငယ်ချင်းတို့လည်း အလွမ်းများဖြင့်
ကင်းဝေးပါစေ..."
သဲ...
ကိုယ့်ရင်ထဲမှာ အရမ်းလွမ်းနေပြီ

တမ်းတနေမိတယ် မင်းပုံရိပ်လေး

မြင်ယောင်နေတယ် မင်းရဲ့အပြုံး

စာနာတက်တဲ့ မင်းရဲ့နှလုံးသား

ဖြူစင်လွန်းတဲ့ မင်းရဲ့စိတ်

ချိုသာစွာပြေားတက်တဲ့ အသံလေးရယ်

ကိုအရမ်းလွမ်းတယ်ကွယ်....။ 

သဲ...

ကိုလေ မင်းကို

နေညိုရင်လည်း လွမ်းတယ်

မိုးရွာရင်လည်း လွမ်းတယ်

လေပြေညင်းလေးတွေ

တိုက်ခတ်လာရင်လည်း လွမ်းတယ်

အချိန်နှင့်အမျှ စက္ကန့်တိုင်း လွမ်းတယ်.....။

သဲ....

ဝေးနေပေမဲ့ ကိုယ့်ရဲ့စိတ်တွေက

မင်းရဲ့အနားမှာ အချိန်နှင့်အမျှ

ရှိနေတာ မင်းသိရဲ့လား

အချိန်တွေရယ်

ကုန်ပါတော့ကွယ်.....။


ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!

                                                                            အိမ်လွမ်းသူ...

4 Response to လွမ်းနေလို့...!

April 3, 2012 at 9:51 PM

ဒီနေ့ အပြိုင်ကို လွမ်းနေကြသလိုပါလားဟေ. လွမ်းသာလွမ်း အားရပါးရလွမ်း. အားမရရင် သူ့နာမည်အကျယ်ကြီးအော်ပြီးတော့သာ သီချင်းဆိုပစ် (မှတ်ချက် သင်္ကြန်ရောက်ရင် ပိုလွမ်းဦးမယ် သေချာတယ် ဟိ)

April 3, 2012 at 10:02 PM

ဟားဟားး စနိုးပြောလည်း ပြောချင်စရာဘဲ ဒီနေ့ ဒို့အတူတူလွမ်းကြတာပေါ့ကွာ......တော်တော်ကို လွမ်း၏

April 3, 2012 at 11:55 PM

လွမ်းနေတဲ့သူတွေများလိုက်တာနော်
အလွမ်းဂြိုလ်ကိုရောက်နေသလားထင်နေရပြီ
အမလွမ်းဖို့လဲချန်ကြပါဦး

April 6, 2012 at 7:07 AM

သားလည်း လွမ်းဦးမယ်
အလွမ်းသမားလေး ကျွန်တော်ပါ
အဲ့ . . . တစ်ခုစဉ်းစားမိတယ်
အွန်လိုင်းမှာ လွမ်းနေကြသူများအဖွဲ့ ဖွဲ့ရင် ကောင်းမလား :P

အစ်ကိုရေ . . .
ကဗျာလေးကို အရမ်းထိတယ်နော်
နေညိုရင်လွမ်းတယ်
မြေပြိုရင် လွမ်းတယ်
အဲ . . . ဟုတ်ပါဘူး
မိုးရွာရင် လွမ်းတယ် . . . အဟဲ

Post a Comment

ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!