ကျွန်တော့်အကိုကြီးတစ်ယောက်ရဲ့ ဒူဘိုင်းရောက် ခံစားချက် ကဗျာလေးပါ...မှားတာများရှိရင်လည်း ဝေဖန်အကြံပြုနိုင်ပါတယ်...!
|
ဓါတ်ပုံအား Google မှကူးယူးထားပါသည်... |
အဝေးရောက်"ဘဝ"
ရှေ့ရေးကိုတွေး တိုးတက်ရေးဟု
ကျုံးဝါးအော်ဟစ် မျော်ရည်မှန်းလျှက်
ရေမြေရက်ခြား အလုပ်လုပ်ရသည်က
အော်"ဘဝ"....။
နေကပူ ဖုန်ကထူ
ချွေးကထွက် စိတ်ကပျက်
မိုးကပြေး အရိပ်ကဝေး
မရှိဥတု ရွာလိုက်ပါဟု
ဆုတောင်းသော်လည်း လွဲရပြန်ပြီ
အော်"ဘဝ"....။
နေဝင်မိုးချုပ် အလုပ်လုပ်လျှက်
လူ့ရက်အိပ်ကာ ရသည့်ပိုက်ဆံ
ံ စုကာဆောင်း၍ အဆင်ပြေကြောင်း
မျှော်ရည်မှန်းလျှက် အားမာန်တင်း၍
တမ်းတမိဘ ငြိမ်းချမ်းရင်ခွင်
ဝေးရခြေပြီ အော်"ဘဝ"....။
မိဝေး၊ဖဝေး ရေမြေကွဲနှင့်
ရိုးရာထမင်း ရိုးရာဟင်းကို
အတူတကွ လက်ဆုံစားဖို့
လွမ်းဆွတ်မိတယ် အမိမြေရယ်....။
ရင်တွင်းဘာသာ ကိုင်းရှိင်းသော်လည်း
ပေးဝေလှူဒါန်း လုပ်ချင်ပါလျှက်
မျိုသိပ်ရင်ထဲ သိမ်းဆည်းရင်းသာ
မှန်းဆကန်တော့ လက်အုပ်မိုး၍
တောင်းသည့်ဆုတွေ ရကြပါစေ
ငါနှင့်တကွ (ဒူဘိုင်းရောက်-အဝေးရောက်)
သူငယ်ချင်းတို့ရေ...။
အဏ္ဏဝါ(သင်္ချာ-ပြွန်တန်ဆာ) ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...! လေးစားလျှက်*****အိမ်လွမ်းသူ
1 Response to အဝေးရောက်"ဘဝ"....!
ကောင်းပါတယ်
Post a Comment
ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!