ခင်ရေ....
ရန်ဖြစ်ပြီးမှ ပြန်ချစ်ကြတာ
သဘာဝပါကွယ်...။
အဆင်မပြေတဲ့ကာလ ထိုးနက်မှု့တွေနဲ့
ဆွဲချက်တင်ခဲ့တော့
ရင်ထဲက.... တသသနာလွန်းတယ်...။
မခွဲနိုင်မှန်းသိလျှက်နဲ့
စကားနိုင်လု သဝန်တိုမှု့တွေက
တဖြည်းဖြည်းစု စိုးရိမ်ပူပန်မှု့တွေက
မြင့်သထက်မြင့် ရန်ဖြစ်တဲ့အဆင့်ကို
မာန်ဝံ့ပြီး တက်ခဲ့ကြတာ
ဘယ်သူမှားလည်း....ခင်..???....။
ရန်မဖြစ်ကြေး ပြန်စစ်ဆေးကြမယ်ဆိုရင်
နင်လည်းနာ....ငါလည်းနာ....
နင်လည်းလွမ်း...ငါလည်းလွမ်း...
နင်လည်းငို.....ငါလည်းငို......
ကမ္ဘာပြိုမတက်ပါပဲကွယ်
ချစ်သူအချင်းချင်း တိုက်တဲ့စစ်
"မုန်းလို့မှ" မဖြစ်ပဲ
ခွင့်လွတ်မှု့သာ ထွေးပိုက်လိုက်ပါ....ခင်ရယ်....။
မုန်းမေ့လို့ မရကြမဲ့အတူတူ
ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့
အပြစ်တွေပေး ဒဏ်ခတ်ကြေးဆို
အပြစ်တွေပိုက် ငါငိုလိုက်ပြစေ...။
နေ့လည်းလွမ်း ညလည်းလွမ်း
မျက်ရည်တစမ်းစမ်းနဲ့ ရန်ဖြစ်ပြီးပြီးမှ
ရင်နင့်အောင် ချစ်ခဲ့မိတဲ့
ငါ့ရင်ထဲ ပိုလွမ်းသွားရပြီ
ခင်ရယ်........။
ရင်ထဲမှ ခံစားတင်ပြသူ....အဏ္ဏဝါ(သင်္ချာ....ပြွန်တန်ဆာမြို့)
ပျော်ရွှင်ခြင်းများနှင့်ပြည့်စုံပါစေ....!
လေးစားလျှက်*****အိမ်လွမ်းသူ
No Response to "ငါ့ရင်ထဲ....!"
Post a Comment
ရေးချင်ရာရေးခဲ့ပါ စိတ်မဆိုးပါ...ပျော်ရွှင်ပါစေ သူငယ်ချင်း...!